Part - 40(Unicode)

99.6K 8.5K 1.7K
                                    

မနက်ခင်း breakfast ဝိုင်းမှာ မာမီက ရှားတို့စေ့စပ်ပွဲလည်း ပြီးသွားဆိုတော့ နှစ်ရက်လောက်နေပြီးရင် ပြန်နှင့်မယ် ဆိုပြီးပြောလာ၍ ရှားတို့က တားသော်လည်း ဟိုမှာ ထားခဲ့တဲ့တခြား business တွေက လက်လွှဲထားလို့ရပေမယ့် သူ ဝါသနာပါလို့ ဖွင့်ထားခဲ့တဲ့ မြန်မာဘာသာစကားသင်တန်း ကိုတော့ ကြာကြာပိတ်ထားလို့မရကြောင်း ပြောလာသည်ကြောင့် ရှားတို့လည်း မာမီ့ဆန္ဒကို ခေါင်းညိတ်လိုက်ရသည်။

သေချာတွေးကြည့်မိတော့ ချမ်းသာတဲ့လူတိုင်းက ခိုက်တို့သားအမိလိုပဲ ကိုယ် လုပ်ချင်ရာကို လုပ်တတ်ကြလား။ တကယ်ဆို ပိုင်ဆိုင်မှုတွေနဲ့တင် ဆယ်သက်စားမကုန်နိုင်တာကို ခိုက်ကလည်း သမရိုးကျစီးပွားရေးကို ဇောက်ချမလုပ်ပဲ ဥပဒေနဲ့မလွတ်ကင်းတဲ့အရာမျိုးကိုမှ အဆန်းထွင်ပြီး လုပ်ချင်တဲ့လူစားမျိုးဖြစ်နေသလို မာမီကျတော့လည်း ​ရှယ်ယာတွေကို လူယုံတွေနဲ့ လက်လွှဲထားပြီး နိုင်ငံရပ်ခြားမှာ language class ဖွင့်ပြီး ဘဝကို ဖြတ်သန်းရတာ ပျော်ရွှင်လို့နေသည်။

ရှားကတော့ တကယ့်ကိုမှ ဒိတ်ဒိတ်ကြဲအာဂလူတွေရဲ့ မိသားစုဝင်ဖြစ်လာခဲ့တာပဲ။

" မာမီ့ဆီက ကျွန်တော်ခွင့်တောင်းချင်တာရှိလို့ "

မနက်စာစားပြီးတော့ ရှား ပြောလိုက်တဲ့စကားကြောင့် ခိုက် နဲ့ မာမီ့ရဲ့ အကြည့်တွေက ရှားဆီ ရောက်လို့လာသည်။

" ပြောလေ ဘေဘီရဲ့... ဘာများလဲ "

" ကျွန်တော်တို့နှစ်ယောက် ခိုက်ရဲ့ အဖေကို သွားကန်တော့ချင်တယ် "

" ရှား!! " " ဘေဘီ... "

ခိုက်ဆီက လေသံမာမာထွက်လာပြီး မာမီကတော့ ရှားစကားကို အံ့အားသင့်ဟန်ဖြစ်လို့သွားသည်။

" ဘာလုပ်ဖို့သွားမှာလဲ... မသွားရဘူး "

မာမီဆီက စကားသံကိုမကြားရသေးခင်မှာပဲ ခိုက်က ယတိပြတ်ငြင်းဆိုလာသည်ကြောင့် စားပွဲအောက်မှာ ချထားတဲ့ ခိုက်လက်ကို ရှား လှမ်းဆုပ်ကိုင်လိုက်တော့ ရှားကို စောင်းငဲ့ကြည့်လာသည်။

" နေဦး သားရှန်.. ဘေဘီဖြစ်ချင်တဲ့ဆန္ဒကို အရင်မေးကြည့်လိုက်ပါဦး "

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now