MHBTAS (49)

4.4K 291 9
                                    

Part (49) U

"ဗိုလ်ကြီး ရှောင်းကျန့်လား ခင်ဗျ...ကျွန်တော် တပ်ကြပ်ကြီး ရန်ထန်းပါ...ဗိုလ်ကြီးတို့ကို လာကြိုတာပါခင်ဗျ..."

"ဟုတ်ကဲ့...ကျွန်တော် ဗိုလ်ကြီး ရှောင်းကျန့်ပါ...တပ်ရေးဗိုလ်ကြီးနဲ့ ဖုန်းရထားပါတယ် ဆရာကြီး..."

"ဗိုလ်ကြီးတို့ ပစ္စည်းစာရင်းလေး တစ်ချက် ပြပေးပါခင်ဗျ..."

"ဒီစာရင်းအတိုင်းပဲ ဆရာကြီး...သိပ်မများလှဘူး...လိုတာတွေက တပ်ရောက်မှ ထပ်စီစဥ်ရမှာ..."

"ဟုတ်ကဲ့...အကူအညီလိုရင်လည်း ပြောပါ ဗိုလ်ကြီး ခင်ဗျ...."

"ကျေးဇူးပါဗျာ...ဝမ်လေး မူးနေသေးလား..."

"အင်း...နည်းနည်း...အေ့...ဝေါ့...."

ဖြူဖျော့နေသော ဝမ်လေးက သုတ်ခနဲထပြေးကာ သွားအန်နေတာကြောင့် ကျောလေး အသာဖိပေးရင်း စိုးရိမ်မိသူက ရှောင်းကျန့်။

ခရီးကအတန်ငယ်ဝေးသည်မို့ ကားမယူလာတော့ပဲ လူရော မများလှသည့်ပစ္စည်းတွေရော express နှင့်ပဲ ပြောင်းလာလိုက်တာ ဖြစ်သည်။

မိုင်ရာချီစီးလာရတာရော အသားမကျသေးတာရောမို့ ဝမ်လေးခမျာ နုံးခွေနေပြီး ဘာမှလည်း သိပ်မစားနိုင်ရှာ။

"ဝမ်လေး...အရမ်းမူးနေလား..."

"ဝေါ့...."

"ပလုတ်ကျင်းပြီး ငုံဆေးလေး ငုံထားနော်..."

"အင်း..."

နွမ်းလျသွားသော မျက်နှာလေးကို မထိရက်ထိရက်နှင့် ပါးစပ်သုတ်ပေးပြီး ငုံဆေးလေးပေးလိုက်တော့ ပုခုံးဆီ ခေါင်းလေးမှီလာတာကြောင့် ရင်ခွင်ထဲ အသာထွေးပွေ့ရင်း ကျောလေးဖွဖွတ်ရပေးရင်း သတိဝင်အလာ....

ပီတိအပြည့်နှင့် ပြုံးပြုံးကြီး ကြည့်နေကြသော ဆရာကြီး ရန်ထန်းနှင့် ရဲဘော်လေးတွေ။
နောက်ဆုံးက ရပ်နေသည့် တစ်ယောက်ဆို လက်မကြီးကို အားရပါးရ ကိုက်ထားကာ မျက်လုံးရွဲကြီးနှင့် ကြည့်နေတာ။

"အဟမ်း...နောက်ကျနေမယ် ဆရာကြီး..."

"ဗျာ...ဟုတ်...ဟုတ်ကဲ့ ဗိုလ်ကြီး...ဟေ့ကောင်တွေ စမယ်ဟေ့...."

My Heart Belongs To A Soldier_Completed [ Z&U ]Tahanan ng mga kuwento. Tumuklas ngayon