MHBTAS (42)

6.2K 593 40
                                    

Part (42) U

ကျောင်းမသွားချင်ဘူး...
ကျောင်းမသွားချင်ဘူး...

ခေါင်းအုံးပေါ်မျက်နှာမှောက်ချရင်း ကျောင်းမသွားဖို့အရေး အကြံထုတ်နေသော ဝမ်ဝမ်လေး။

မေကြီးတပ်ကိုပြန်မှ အဆောင်သွားနေမှာမို့ ဒီရက်ထဲ ဖိုးဖိုးအိမ်ကပဲ ကျောင်းတက်ဖြစ်သည်။

မတေ့ညက ဖိုးဖိုးနှင့်မေကြီး ပြောနေတာ ကြားပြီး အူမြူးနေတာ။ ဖိုးဖိုး ထိုင်နေကျ ပက်လက်ကုလားထိုင်က ကြိမ်ကွက်တွေ ပြုတ်ထွက်လာသဖြင့် ပြင်ဖို့လည်း မလွယ်သလို၊ ပစ်ဖို့နှမျောနေသည့် ဖိုးဖိုးကို မေကြီးက ကိုကို့ကို အကူအညီတောင်းမယ် ပြောနေခြင်းပင်။

လက်မှုပစ္စည်းတွေ သဘောကျသည့်ဖိုးဖိုးက တစ်အိမ်လုံး၊ အထူးသဖြင့် သူ့အခန်းနှင့်စာကြည့်ခန်းတွင် သစ်၊ဝါးနှင့် ရိုးရာပစ္စည်းတွေ အထားများသည်။
ရို​သေသပ်ရပ်ပေမယ့် နှစ်ကြာလာတော့ ယိုယွင်းလာတတ်သည်ပဲ။

"လုပ်နိုင်ပါ့မလား...."

"ဗိုလ်ကြီး ရှောင်းကျန့်က လက်မှုပညာအသေးစိတ်တယ် ဖေဖေ...ရိပ်သာမှာဆို သူ့လက်ရာတွေ လှနေရော..."

"စစ်သားက ဒါလည်း ရတာပဲလား ...."

"ဖေဖေရယ်...တပ်ထဲမှာလေ မတစ်ထောင်သားတွေ စုံနေတာ...ပညာပေါင်းစုံပါတယ်...ဖေဖေ့ခုံက အပြင်လူခေါ်ပြင်လည်း မလွယ်ဘူး...သမီး ဖုန်းဆက်ပြီး ပြောထားလိုက်မယ်နော်..."

"အင်း...သဘောပဲ..."

မျက်မှန်ပင့်တင်နေသည့် ဖေဖေကို ကျောခိုင်းထွက်လာရင်း မေလင်း ပြုံးမိသည်။

လူတော်လေးမှန်း သိပေမယ့် သဘောကျပေမယ့် မြေးကိုလည်းထည့်မပေးချင်သည့် ဖေဖေက မဖြစ်သာ၍ခေါ်ရဟန်ပေမယ့် ဒီလူငယ်လေးကို မမုန်းမှန်းတော့ သေချာသိနေပါသည်။

"သားငယ်လေး...ကျောင်းရှိတယ်လေ...ထတော့...အိပ်ပုပ်လေး..."

"အား...မေကြီး...သားမနေ့ညက ရေချိုးခန်းထဲ ချော်လဲတာ ခြေထောက်နာနေလို့..."

"မေကြီးကိုပြဦး...ခြေဆစ်လွဲတာလား...ဆေးခန်းသွားမှပေါ့...ကျောင်းမသွားနဲ့တော့..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now