MHBTAS (54)

3.7K 282 20
                                    

Part (54) U

ဒီနေ့ ခြံထွက်ဖရုံညွန့်ကြော်၊ သီးစုံကုလားပဲဟင်းနှင့် မရမ်းသီးထောင်းတို့ဖြင့် တပ်ဦးကျောင်းဆီ ဆွမ်းပို့ဖြစ်သည်။

ဘေးချင်းကပ်အိမ်က အမနှစ်ယောက်ရယ်၊ ဝမ်ဝမ်ရယ် ဘေးဘီဝဲယာ တောပန်းရောင်စုံများကိုငေးရင်း လေနုအေးတို့ရှူရှိုက်ရင်း စကားတပြောပြောနှင့် ဆွမ်းပို့ပြီး ပြန်လာကြတာ။

တပ်ရင်းရုံးနားကအဖြတ် တပ်ရေးဗိုလ်ကြီးနှင့် တပ်ရင်းအရာခံဗိုလ်ကြီးတို့ ခပ်သုတ်သုတ်ဝင်လာတာ တွေ့လိုက်သဖြင့် စိတ်ထဲတစ်မျိုး ဖြစ်သွားသည်။ မတိုင်ပင်ပါပဲ မမလင်းလင်းနှင့် မျက်လုံးချင်းဆုံမိပြီး မောလျသွားရသည်။
စစ်ဆင်ရေးထွက်နေချိန်မှာ ဒီလိုမြင်ကွင်းမျိုးက စိတ်ထင့်စရာ ဖြစ်နေသည်မို့​။

အိမ်ရောက်တော့ ခြံထဲတံမြက်စည်းလှည်း၊ အပင်တွေရေလောင်းနှင့် ဇယ်ဆက်သလို အလုပ်များသွားသည်။

ရေချိုး၊မနက်စာစားပြီးတော့ မနက် ကိုးနာရီ။
ဘောလုံးကွင်းနှင့် ဘောလီဘောကွင်းတို့ကို ဖြတ်လိုက်ရုံနှင့်ရောက်သည့် တပ်တွင်းမူလတန်းကျောင်းလေးဆီ ရောက်တော့ ဝတ်စုံဆင်တူနှင့် အူကြူးပူတူးတို့ ရောက်စပြုပေပြီ။

သူငယ်တန်းပြဆရာမက မီးဖွားခွင့်တင်ထားသည်မို့ ဝမ်ဝမ်က သူငယ်တန်းကို အစားဝင်သင်နေရခြင်းဖြစ်သည်။

စာချည်းသက်သက်ထက် ကဗျာလေးတွေဆိလိုက် ပုံပြင်တွေပြောလိုက်နှင့်မို့ တခဏချင်းပင် ဆရာနှင့်တပည့်တွေ အတိုင်အဖောက် ညီသွားခဲ့ပြီ ဖြစ်သည်။

နိုင်ငံတော် သီချင်းဆိုပြီးသည်နှင့် အတန်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ကြသည်။ ပုတုတု သေးသေးလေးများက ဝါးရွက်ခြောက်ပါမကျန် ကောက်သိမ်းသည်က အူယားစရာ။

စပါးရွှေဝါ ဝင်းပါစေ...ပန်းတွေ သင်းပါစေ...
ချပါးချွေညာ ရင်းပါစေ...ပန်းတေ တင်းပါချေ...

ငှက်ကလေးတွေ မိုးတိမ်ကြား...ပျံနိုင်ကြစေသား...
​ငက်ခေးတေ မိုးရိမ်ဂျား..ပံနိုင်ဂျတေရား...

နေရောင်ခြည်လည်း ဖွေးပါစေ...လေပြည်အေးပါစေ...
ငေရောင်ဂျီယဲ ထွေးပါစေ...လေကြည်အေးပါချေ...

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now