MHBTAS (30)

6.7K 586 90
                                    

Part (30) U

ယာဉ်တန်းက မနက်စောစော ထွက်ရန်ဖြစ်သော်လည်း နှင်းတွေက ပိန်းပိတ်အောင်ကျနေသဖြင့် နှင်းကွဲချိန် နေ့ခင်းလောက်မှ ထွက်လို့ရမည်ထင်သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ဝမ်လေးကို မနှိုးရက်သော်လည်း မဖြစ်မနေမို့ နဖူးလေးနမ်းကာ နှိုးလိုက်တာ။

လှုပ်ပင်မလှုပ်သော ကိုယ်လေးကို အုပ်မိုးဖိကာ မေးစေ့လေးကို ဖွဖွကိုက်မှ မျက်လုံးလေးမှေးကာ စူပုပ်ပုပ်ကြည့်နေသည့် စွာတေး။

"အစောကြီးရှိသေးတယ်...ကိုကိုကလည်း...."

"အကုန်နိုးလို့ မနက်စာတောင် စားနေကြပြီဗျား...ထတော့...ကိုကို ရေနွေးစပ်ထားတယ်...မျက်နှာသစ်ပြီး ခေါပုတ်ကြော် စားရအောင်....ထတော့နော်..."

စောင်ပုံထဲကနေ လက်လေးနှစ်ဖက် ကမ်းပေးနေတာကြောင့် ဆွဲထူကာမှ တဲအပြင်မှာ ကုပ်ကုပ်လေး မျက်နှာသွားသစ်နေသည်။

အိပ်ရာတွေစောင်တွေသိမ်းပြီးတော့ ရဲဘော်တစ်ချို့က တဲပါတစ်ခါတည်း ခေါက်သိမ်းပြီး ကားပေါ်  သွားသိမ်းပေးလေသည်။

မီးဖိုဘေးက မြေခင်းပေါ်မှာ မီးလှုံရင်း ထမင်းကြော်နှင့် လက်ဖက်ရည်သောက်ကြပြီးသည်အထိ နှင်းမကွဲသေး။

အအေးဒဏ်နှင့် နီထွေးနေသော ပါးမို့လေးတွေ နှာထိပ်လေးတွေကြောင့် ဂျာကင်ခေါင်းစွပ် စွပ်ပေးပြီး ကော်လံအဆုံးထိ ဇစ်ဆွဲပေးလိုက်တော့ နားရွက်တွေထိ လုံသွားကာ နှင်းရုပ်လေးသဖွယ် လုံးနေတာ။

"ဗိုလ်ကြီး..."

မရဲတရဲ ခေါ်လာသော ဆရာကြီး၊  စစ်ကြောင်းမှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး ဖုန်းချူယွဲ့။

နောက်မှာ ပါလာသည့် မျှော်လင့်မထားသောသူကြောင့် ရှောင်းကျန့် ဆတ်ခနဲ ထရပ်မိပြီ။

"ဖေကြီး...." "တပ်ရင်းမှူး...."

ပြိုင်တူခေါ်မိပြီး တိုးအက်အက်အသံလေးနှင့်  ကျောနောက်မှာ ဝင်ရပ်ကာ လက်ဖမိုးဆီ လာတွဲသော လက်လေးတွေက တုန်တုန်ယင်ယင်။

"စစ်ကြောင်းမထွက်ခင် နှစ်ယောက်ချင်း စကားခဏပြောချင်တယ် ရှောင်းကျန့်..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now