MHBTAS (9)

7.6K 750 59
                                    

Part (9) U

"မင်းကို သမချင်နေတာ...လူစွမ်းကောင်းကြီး..."

"လူမမာကို ဆူနေရလား...ဒဏ်ရာက အာ့ ကျွတ်...ကျွတ်...."

"လာမူပြမနေနဲ့...ကြင်ကြင်နာနာ ပြောရအောင် ငါ ဖန်ရှင်း မဟုတ်ဘူး..."

"သိသားပဲ...ငါ့ ရှင်းလေးက နူးနူးညံ့ညံ့လေး...မင်းလို ရုပ်တည်ကြီးနဲ့ စွတ်မဟောက်ဘူး..."

"မပေါ့ဆနဲ့ လို့ တောက်လျှောက် သတိပေးနေပါလျက်နဲ့ တစ်ယောက်တည်း လစ်သွားရအောင် ရန်သူဆိုတာ ဂျိုပါတာ မဟုတ်ဘူး...အလစ်တွယ်ဖို့ စောင့်နေတာ..."

"အေးကွာ...ငါလည်း သဲစွန်စတစ်ချို့တွေ့လို့ လိုက်သွားရင်းက အမြန်ကွယ်ရင်းကို ရှပ်ထိသွားတာ...ကိုယ့်အဖွဲ့ဆီ ပြန်ဆုတ်ရင်း လျှိုထဲကျသွားတာ...လက်ထိထားတော့ ပြန်တက်လည်းမရတာနဲ့ တောနင်းရှာမှပဲ ပြန်စုမိတာ..."

"အေး...ထင်ရာစွတ်မလုပ်နဲ့...မင်းကောင်လေးက တငိုငိုတရယ်ရယ်နဲ့ စာမေးပွဲ နီးတာတောင် စာမကြည့်နိုင်ဘူး....ပြောပြီးပြီလား အကျိုးအကြောင်း..."

"ပြောပြီးပြီ...မနည်းချော့လိုက်ရတယ်ကွာ...သူ အရမ်းစိတ်ပူနေတာ...စာမေးပွဲနီးမှ ဖြစ်ရတယ်လို့...ရှင်းလေးကို သနားလိုက်တာ..."

"အေးပါ...သနားတာထားဦး...မင်းပျောက်နေတဲ့ သတင်းက ဘေကျင်းထိ ရောက်သွားတာကြီးက သိပ်မဟုတ်ဘူးနော်...ယွီပင်း..."

"ငါ့ဖုန်းကို ဆက်မရတာနဲ့ တပ်ခွဲက ဂျူနီယာဆီ ဆက်တာ ပွဲပြတ်သွားတာဟေ့...သတင်းမထိန်းရကောင်းလား ဆူပြီးသွားပြီ..."

"ငါလည်း မင်းဖုန်းမရတာနဲ့ စိတ်ထင့်နေတာ....အလုပ်တွေက မပြတ်တော့ ထပ်မဆက်ဖြစ်တာလေ...စွာတေး ဆက်မှ သိရတာ...."

"အဲ...စွာတေးဆိုမှ မင်းတို့က ဘာလဲ..."

"ဘာကိုဘာရမှာလဲကွ...မင်းကလည်း..."

"မသိချင်ယောင် ဆောင်နေပြန်ပြီ...မင်းဟာလေးက စွာ​နေပေမယ့် မင်းအပေါ် ခံစားချက် ရှိနေသလိုပဲ....ငကျန့်....မင်းလည်း သံယောဇဥ် ဖြစ်နေပြီမလား...."

"ကလေးကို ပေါက်ကရပြောပြန်ပြီ...မင်းတော့ နာတော့မယ်...."

"ဘာကလေးလဲ...တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ...ရှင်းလေးနဲ့ ရွယ်တူပဲကို...."

My Heart Belongs To A Soldier_Completed [ Z&U ]Opowieści tętniące życiem. Odkryj je teraz