MHBTAS (3)

9.3K 936 55
                                    

Part (3) U

ညက game ဆော့နေတာနှင့် တစ်နာရီခွဲလောက်မှ အိပ်ဖြစ်တာ။

မျက်လုံးဖွင့်လိုက်တော့ နေရောင်က စူးခနဲမို့ လက်နှင့်ကာလိုက်ရင်း ခြေရင်းက စားပွဲမှာ ဝက်သားပြားကြော်နှင့် ပွဲတော်တည်နေသည့် ကောချန် ခေါင်းအုံးဖြင့် လှမ်းပေါက်လိုက်သည်။

"အာ့...စားနေတာ မမြင်ဘူးလား...ဝက်ပေါက်ရဲ့..."

"မြင်လို့ ပေါက်တာလေ...သွားဖြဲနားဖြဲ စားသောက်နေတာ ကြည့်မရလို့..."

"ကဲ...နိုးရင်လည်း ထတော့ ဝမ်ဝမ်ရာ...မနက်စာနဲ့နေ့လယ်စာ ပေါင်းစားရမလို ဖြစ်နေပြီ...မကျွေးတာလည်း မဟုတ်ပဲ ပြောမနေနဲ့...ကောချန်...မင်းလည်း လိုက်စမနေနဲ့..."

"သူအရင်စတာ မင်း မြင်သားနဲ့...."

"မတိတ်ရင် ငါ notes မထုတ်ပေးဘူးနော်..."

ဖန်ရှင်းက သုံးယောက်ထဲမှာ စာလည်းအတော်ဆုံးဖြစ်သည်မို့ စိတ်ရှည်လက်ရှည် ထုတ်ပေးတတ်သည့် notes တွေ မရမှာစိုးတာနှင့် မျက်စောင်းကိုယ်စီနှင့် ရန်ပွဲကရပ်သွားပြီ။

သုံးယောက်လုံး အထက်တန်းတုန်းက တစ်တန်းတည်း တစ်ကျောင်းတည်းပေမယ့် ကောချန်နဲ့က အလယ်တန်းတည်းက အခန်းတူ၊ ဖန်ရှင်းနဲ့က တက္ကသိုလ်ရောက်မှ မေဂျာတူကာ ပေါင်းမိကြခြင်း။

မိဘများက တတ်နိုင်ကြသော်လည်း ကျောင်းအဆောင်မှာသာ နေရမည့် ရိပေါ်နည်းတူ သူတို့ပါ လိုက်နေကြတာ ဖြစ်သည်။

ပုံမှန်လေးယောက်ခန်းပေမယ့် သူတို့ကတော့ သုံးယောက်သာ နေရခြင်းက ကောချန်ဦးလေး မော်ကွန်းထိန်း ကောင်းမှုကြောင့်သာ။

ဖန်ရှင်းက သူတို့ထက်စာလျှင် အနေအေးသည် ဆိုရမည်။ ရိပေါ်နှင့်ကောချန်ကတော့ ကျောင်းမှာတည်းက အမွှေစိန်တွေ။

ကျောင်းအုပ်ကြီးပါ မကျန် မွှေတတ်သည်မို့ ဆရာဆရာမများကပါ ဆလံသထားရသူတွေ။

စိတ်ရင်းလေးတွေဖြူကာ ဆိုးသွမ်းစာရင်းထဲ မပါတာကြောင့်သာ ခံသာနေတာ။

ရိပေါ် ရေချိုးခန်းက ထွက်လာတော့ ကောချန်က အစာပိတ်အနေနှင့် သီဟိုဋ်စေ့စားကာ ဖန်ရှင်းက You Tube ကနေ Model Show ကြည့်နေသည်။
ကျောင်းပိတ်ရက်မို့ သာယာနေကြတာ။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now