MHBTAS (36)

5.6K 519 87
                                    

Part (36) U

"ဗိုလ်ကြီး...ဟိုနေ့ကဟာလေး ဆက်ပါဦး..."

"ဘာကိုလဲကွ...အစမရှိ အဆုံးမရှိ...."

ညဦးပိုင်း မီးဖိုဘေး ဝိုင်းထိုင်ကြရင်း
ကြိုးကျစ်နေရင်းက မေးနေသည့် ကျောက်လုံ။

"လှည့်ကင်းထွက်တဲ့နေ့က ပြောလက်စလေး...."

ရှောင်းကျန့်က လက်ကျန်လက်ဖက်ရည်ကို မော့သောက်လိုက်ရင်း လည်ချောင်းရှင်းကာ ဟိုက်ခွမ်းကို မေးဆတ်ပြပြီး....

"ဟိုက်ခွမ်း ပြောလိမ့်မယ်....သူတို့တပ်မှာ ဖြစ်ခဲ့တာ...အဲ့ဒါက..."

"ဘာလဲ..."

"တန်းမဖြုတ်ခိုင်းလို့ အိမ်မက်ပေးတဲ့အကြောင်းလေ...."

"သြော်....အေးကွ...ယုံရခက်ပေမယ့် တကယ်ရှိတာတွေ...."

ဝါးဆစ်ခွက်လေးကို စားပွဲပေါ် ပြန်ချရင်း ပြောလာတာကြောင့် ဘေးနားရှိသူတွေကပါ စိတ်ဝင်တစား ဝိုင်းဖွဲ့လာကြပြီ။

"စီနီယာကြီးတွေ ကြုံခဲ့ရတာ....ဗိုလ်ကြီး ဦးစီးတဲ့ တပ်စိတ်လေးတစ်စိတ်ဟာ နယ်မြေရှင်းရင်း လမ်းပျောက်ပြီး တောနက်ထဲ ရောက်သွားသတဲ့..."

"........."

"ညကလည်းနက် မိုးကလည်းဖွဲဖွဲကျလာတော့ ရောက်တဲ့နေရာ အကဲခတ်ပြီး စတည်းချရတော့တာပေါ့....မြေတွေကလည်း ခပ်ပြေပြေ ချုံနွယ်ပိတ်ပေါင်းလည်း သိပ်မရှိတော့ စခန်းချဖြစ်ကြရော....."

".........."

"အိပ်ခါနီးမှ ခုလုခုလုဖြစ်နေတော့ မြေပုံတွေ ဖြစ်နေတာ...အဲ့တော့မှ စစ်သင်္ချိုင်းဟောင်းတစ်ခုမှန်း နေရာပါ မှန်းဆမိတာ...ဒါပေမယ့် ခပ်ရွတ်ရွတ်တွေမလား...ပင်ပန်းလာတော့ ဘာမှတွေးမနေပဲ အိပ်ပစ်လိုက်ကြရော...."

"..............."

"ဗိုလ်ကြီးက ကောင်းကောင်း အိပ်မရဖြစ်နေတုန်း အိမ်မက်လိုလို တကယ်လိုလို လာပြောတယ်....မျက်နှာညှိုးညှိုးလေးတွေနဲ့... ဗိုလ်ကြီး...ကျွန်တော်တို့ကို တန်းမဖြုတ်ခိုင်းသွားဘူး...မိုးရွာထဲမှာ တစ်ညလုံး တန်းစီနေရတယ် တဲ့..."

"အိစ်....."

"ဗိုလ်ကြီးလည်း ဆတ်ခနဲ လန့်နိုးပြီး...ဘယ်ကောင် ပါးစပ်သရမ်းခဲ့တာလဲ...မိုးရွာထဲ တစ်ညလုံး တန်းမဖြုတ်ရလို့ ငါ့လာပြောနေပြီ...ဆိုပြီး ထကြမ်းတော့မှ တပ်စိတ်က ဗလွတ်ရွှတ်တပြောတတ်တဲ့ ရဲဘော်တစ်ယောက်က မရဲတရဲ ဝန်ခံသတဲ့....."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now