MHBTAS (8)

7.7K 735 49
                                    

Part (8) U

စာမေးပွဲ နီးလာပြီဖြစ်သဖြင့် သုံးကောင်သား အခန်းအောင်းကာ ဖင်မြဲနေသည်။

သူတို့ထက်စာလျှင် စာလုပ်သော ဖန်ရှင်းက အိန္ဒြေရသေးသည်။
တစ်ချိန်လုံး အအိပ်နှင့်အစား အငှားလိုက်နေသော ကောချန်က ဖန်ရှင်းစုထားသမျှ notes တွေ ပြန်ကူး၊ မသိတာမေးနှင့် ပွဲပျက်နေပြီ။

ဥာဏ်ကောင်းသော ရိပေါ်လေးလည်း စာအုပ်တွေ ပတ်လည်ဝိုင်းကာ Oishi တောင် မစားနိုင်။

နဖူးပေါ်ဖွာရာဝဲကျနေသော ဆံပင်လေးကိုပင် ငယ်ထိပ်မှာ ဘဲရုပ်ကလစ်လေးနှင့် ငုတ်တုတ်စီးထားရလေသည်။

"တီချယ် ဖေးရန်အချိန်တွေ လစ်ထားမိတာ ကွဲတာပဲဟေ့...ဘာမှကို မသိတော့ဘူး..."

"မလစ်တဲ့အချိန်ရော သေချာလိုက်မှတ်လို့လား...အချိန်တိုင်း ငိုက်နေတဲ့သူကများ...."

"အမယ်...မင်းကျတော့ရော အချိန်တိုင်း မုန့်ခိုးစားနေပြီးတော့....တော်ပြီကွာ....တကယ် မူးနောက်လာပြီ...ဖန်ရှင်းရော...."

"ခုနကတောင် မျိုးစုမျိုးစိတ်ခွဲတာတွေ ပြောပြနေသေးတယ်လေ...ဘယ်ရောက်သွားတာလဲဟ...."

ကျောချင်းကပ်ငြင်းနေရင်းမှ ဖန်ရှင်းစားပွဲကို လှမ်းကြည့်တော့ ဖွင့်လက်စ မှတ်စုစာအုပ်လေးနှင့် ရေးခြစ်လက်စ စာရွက်ကြမ်းများ။

"တစ်ခုခုထွက်ဝယ်တာလားပဲ..."

"အဲ့ဒါဆို ငါတို့ကို ပြောသွားမှာပေါ့ကွ...အခုက ဘာဖြစ်မှန်းမှ မသိတာ...မင်း နေခဲ့...ငါအောက်ဆင်းလိုက်ဦးမယ်...."

အပေါ်အင်္ကျီဆွဲဝတ်ကာ ဖုန်းယူပြီး ပြေးထွက်လာတော့ အဆောင်ရှေ့ ပန်းခြံထဲက ခုံတန်းလေးဆီမှ အရိပ်လေး။

အမှောင်ရိပ်ကျနေတာမို့ မနည်းကြည့်မိရင်း သေချာသွားမှ ရှေ့တိုးသွားရသည်။

"ဖန်ရှင်း....မင်း ဘာလုပ်နေတာလဲ..."

"..........."

"ဖန်ရှင်း....."

လှည့်ကြည့်လာသော မျက်ဝန်းတို့က မပီဝိုးဝါးလရောင်အောက်မှာပင် စိုလက်နေကာ ငိုထားသည်က အထင်းသားမို့ စိုးရိမ်စိတ်နှင့် ပုခုံးနှစ်ဖက်ကနေ ကိုင်လှုပ်မေးမိပြီ။

My Heart Belongs To A Soldier_Completed [ Z&U ]Onde as histórias ganham vida. Descobre agora