MHBTAS (64) Final

6K 262 12
                                    

Part (64) final U

ဆောင်းနံနက်ခင်းသည် နှင်းမြူတို့နှင့်ပနံရစွာ လှပနေသည်။ ဆောင်းသက်သေ ချယ်ရီတို့က ပင်လုံးကျွတ်မျှ ဝေနေသည်မှာ အုပ်လို့ခဲလို့။

မြေပြန့်ကလာသူပီပီ တောင်ပေါ်မြို့လေးရဲ့ အအေးမှာ အလုံထုပ်ကွေးနေသော ဝမ်ဝမ်။ ကိုကိုကတော့ အအေးကြိုက်သည့်အပြင် သူ့ကျောင်းကို ပြန်ရောက်နေသည်မို့ ငယ်မူငယ်သွေးတို့ကြွကာ တပြုံးပြုံးနှင့်။

မနေ့မနက်ကရောက်ရောက်ချင်း သားနှင့်ခဏသာတွေ့ခွင့်ရသည်မို့ အလွမ်းမပြေသည့် ပါးပါးကို စိတ်အပြောင်းအလဲဖြစ်အောင် ဒက်ဒီက မြို့ထဲလိုက်ပို့သည်။

စစ်တက္ကသိုလ်အပြင် အခြားအုပ်ချုပ်မှုသင်တန်းများရှိရာမြို့ကလေးမို့ အပေါင်းအသင်း၊ ရောင်းရင်းနှင့် တပည့်လက်သားတွေ တွေ့လိုက်ဆုံလိုက်ကြတာ မနည်းမနော။

စောအော်နောက်ဆုံး
နှစ်တက်မှ အသစ်ပြောင်းလာသည့် ကျောင်းအုပ်ကြီးက တပ်ရင်းမှူးအဖြစ် တစ်တပ်တည်းဆုံခဲ့ဖူးသည့် ဗိုလ်မှူးကြီး ကောယွီချန်။ မမရွှမ်လုနှင့် စကားစမြည်ပြောဖြစ်မှ ပိုင်ရှင်းတို့ အလည်ရောက်နေကြောင်း သိရသည်။

ပိုင်ရှင်းလက်တွဲဖော်က ကောချန်။ ပြည်တွင်းမှာမဆုံပဲ နိုင်ငံခြားမှာ ကျောင်းတက်ရင်း၊ အလုပ်လုပ်ရင်း ကြုံလေသည့်ဖူးစာက ဆန်းတော့ဆန်းလေသည်။

တိုက်ဆိုင်ပုံများက ထိုမျှနှင့်မကုန်သေး။ စစ်ဆေးရုံ လက်ထောက်ဆေးရုံအုပ်အဖြစ် ပြောင်းလာသည့် ကျိရန်နှင့်ပြန်တွေ့ရခြင်း၊ ဟောက်ရွှမ်းပင် အသစ်စက်စက် ဒုဗိုလ်မှူးကြီးဖြစ်နေပြီ။

စန်ကျင်း၊ဟိုက်ခွမ်းတို့နှင့်သာမက ကျိရန်၊ ဟောက်ရွှမ်းတို့နှင့်ပါ ပြန်တွေ့ရသည်မို့ ဟိုးအရင်ချိန်များဆီ ပြန်ရောက်သွားသလိုလို၊ ပြန်ငယ်သွားသလိုလို ခံစားမိသေးတာ။
ဆယ်ကျော်သက် ကျောင်းသားဘဝကုန်ဆုံးခဲ့ရာ၊ ဘဝစရာနေရာလည်းဖြစ်သည်မို ပို၍ စိတ်လှုပ်ရှားရမည်။

ဟိုက်ခွမ်းနှင့်စန်ကျင်းတို့ လောဆော်မှုဖြင့် ရှောင်းကျန့်တို့ intake gathering လေး လုပ်ဖြစ်သွားသည်။ ယွီပင်းကတော့ အလုပ်တွေပုံနေသည်မို့ ကျောင်းဆင်းနေ့မှ ရောက်မည်တဲ့။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now