MHBTAS (44)

6.1K 537 23
                                    

Part (44) U

Flash back

Ring.....

"............."

""ကားနှစ်ဆင့်ပြောင်းရမှာနဲ့ဆို ညနေလောက်မှ ရောက်မယ် ခင်ဗျ...ဟုတ်ကဲ့...ဖုန်းချိတ်ထားပြီးသားပါ....လေးစား အကိုကြီး..."

"........"

"ဝမ်လေး...."

"..........."

"ဗိုလ်မှူးက မဖြစ်မနေ အကူအညီအတောင်းထားတာ ...မနက်ဖြန် သွားရမှာကို အခြေအနေက အခု ဖြစ်သွားတယ်..."

".........."

"မနက်ဖြန် ထပ်ဆုံမယ်လေ...အခု ဝမ်လေးကို အရင်ပြန်ပို့ပေးမယ်နော်..."

"ကိုကို တစ်ယောက်တည်း အဝေးကြီးသွားရမှာ..."

"ကိုကိုက စစ်သားပါ ဝမ်လေးရယ်..."

"ဟင့်အင်း...ဝမ်လေးလည်း လိုက်မယ်..."

ပြောလည်း ရမှာမဟုတ်တဲ့ အတူတူ
ဘတ်စ်ကားကျပ်ကျပ်မှာ လူမတိုးမိအောင် ရင်ခွင်ထဲထည့်ရင်း တစ်နာရီလောက်စီးပြီးတော့ နောက်တစ်ဆင့် ပြောင်းရပြန်ပြီ။

ဟိုင်းဝေးလမ်းမကြီးမှ တစ်နာရီကျော် နောက်တစ်ဆင့် ဆက်စီးပြီးတော့ ရွာကြီးသာသာ မြို့သေးသေးလေးသို့ ရောက်ခဲ့ပြီ။

အချိန်အခါမဟုတ် ရွာသောမိုးကြောင့် ကားပေါ်ကအဆင်း မိုးစက်များက ဖွဲဆုပ်ဆုပ်။
မီးတွေလည်း ပျက်ကာ မှောင်မဲလို့နေပြီ။

ကိုကိုက ဂျင်းရှပ်ကိုချွတ်ကာ ခေါင်းကနေခြုံပေးထားသည်မို့ သူမစိုသော်လည်း ကိုကို့ဆံပင်တိုတိုနှင့် နဖူးဆံစပ်တွေမှာ မိုးရေစက်တို့ ခပ်စိုစို။

"ငါ့တူ ပြောတဲ့လိပ်စာဆို ဆိုင်ကယ်နဲ့ဆက်သွားရဦးမှာ..."

"အဲ့ဒါဆို ကျွန်တော် ဆိုင်ကယ်တစ်စီး ငှားချင်တယ် ဦးလေး...ပြီးတော့ ကျွန်တော့်ကောင်လေးကို ခဏထားခဲ့ပါရစေ...သူ လိုက်လို့ အဆင်ပြေမှာ မဟုတ်ဘူး..."

"ဝမ်လေး လိုက်ချင်တယ်..."

"မိုးမိမယ် ဝမ်လေးရဲ့...ခဏနေခဲ့နော်...ကိုကို မြန်မြန်ပြန်လာမယ်နော်...."

"စိတ်ချသွားပါ ငါ့တူရယ်...အဒေါ်တို့ ရှိပါတယ်..."

လက်ဖျားလေးကို ဆုပ်ညှစ်ကာ မိုးဖွဲဖွဲထဲ ထွက်သွားသော ကိုကို့ကိုငေးကာ ဘာကို စိုးရိမ်မှန်းမသိ စိုးရိမ်နေတာ။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now