MHBTAS (18)

7.6K 726 84
                                    

Part (18) U

တပ်နယ်ဆေးရုံရှေ့မှာ စိတ်စောပြီး ထွက်စောင့်နေတဲ့ တပ်ရင်းမှူးနှင့် ဇနီး။

ဗိုလ်ကြီးရှောင်းကျန့်ရော ဗိုလ်ကြီးဟိုက်ခွမ်းရော စိတ်ချယုံကြည်ရသည့် စီနီယာဗိုလ်ကြီးတွေပေမယ့် ရောက်ရာအရပ်မှာ မွှေရမှနေပျော်သည့် သားတော်မောင်ပါ ပါသွားတာကြောင့် စိတ်ပူနေမိခြင်းသာ။

"အရမ်းစိတ်မပူပါနဲ့...မေရယ်...ဗိုလ်ကြီး ဟိုက်ခွမ်းက အတွေ့အကြုံရှိတဲ့ စီနီယာပါ.....ဗိုလ်ဟောက်ရွှမ်းတို့ အငယ်တွေကလည်း အရေးဆို အားကိုးကြရပါတယ်..."

"ဗိုလ်ကြီး ရှောင်းကျန့်...ဒဏ်ရာများလား မသိဘူးနော်....သားငယ်လေးနဲ့ကျသွားတာ...သားငယ်ကို ကြိုးနဲ့အရင်တင်ပေးလိုက်တာတဲ့..."

"အင်း.....ဗိုလ်ကြီး ရှောင်းကျန့်က တကယ့် ခက်ခက်ခဲခဲ အခြေအနေတွေကိုတောင် ကျော်ဖြတ်ခဲ့တဲ့သူပါ....အဆင်ပြေမှာပါ...မေရယ်...."

စိုးရိမ်စိတ်နှင့် မျက်နှာပျက်နေသော ဇနီးဖြစ်သူကို ပုခုံးကနေ အသာထိန်းပေးရင်း နှစ်သိမ့်နေတုန်း ဂျစ်ကားလေးတစ်စီး ဆေးရုံဝန်းထဲ ဝင်လာပြီ။

နှစ်ယောက်သား ခပ်သွက်သွက် ထွက်သွားတော့ ဂျစ်ကားပေါ်မှ အရင်ခုန်ဆင်းလာတာက ဒုဗိုလ် ဟောက်ရွှမ်း။

လူနာတင်စင်နှင့် ထွက်လာသော male nurse တွေက ဗိုလ်ကြီး ဟိုက်ခွမ်း အကူအညီနှင့် ဗိုလ်ကြီးရှောင်းကျန့်ကို ဆေးရုံထဲ အမြန်သယ်ကြရသည်။

ဗိုလ်ကြီး ဟိုက်ခွမ်းက တပ်ရင်းမှူးကို အလေးပြုကာ အခြေအနေကို အတိုချုပ်ရှင်းပြနေဆဲ ဒုဗိုလ် ဟောက်ရွှမ်းနောက်မှာ မျက်ရည်စမ်းစမ်းနှင့် ဝမ်ဝမ်လေး။

"သား....ဝမ်ဝမ်...."

"မေကြီး....သား....သားကြောင့်....သူ....သူ...."

"ဘာမှ မဖြစ်ဘူးနော်....သား....ဆေးဗိုလ်ကြီးလည်း ရှိတယ်...ဗိုလ်ကြီး ရှောင်းကျန့်က သန်မာပြီးသား....ကျော်ဖြတ်နိုင်မှာပါ....တိတ်...တိတ်တော့နော်...."

"သား...သား...."

"အရမ်း ပင်ပန်းခဲ့တယ် မဟုတ်လား....တစ်ခုခုစားပြီး ဆေးထည့်ရအောင်....သား ဗိုလ်ကြီးကို ဖေကြီးရော အကိုတွေရော ကြည့်ပေးနေတယ်နော်...."

My Heart Belongs To A Soldier_Completed [ Z&U ]Unde poveștirile trăiesc. Descoperă acum