MHBTAS (27)

6.7K 621 146
                                    

Part (27) U

သင်တန်းက နောက်တစ်ပတ်ဆို ပြီးပြီ။ ယွီပင်းက သူ့တပ်ရင်းသူ ပြန်ရမည် ဖြစ်သလို ရှောင်းကျန့်လည်း ရှေ့တန်းလိုက်ရမည်လား၊ ကြားစခန်းမှာနေရမလား မသေချာသေး။ တပ်ရင်းကို သတင်းပို့ပြီးမှသာ သေချာသိရမည်ဖြစ်သည်။

ဟိုက်ခွမ်းနှင့်ရော နောက်တန်းမှူးနှင့်ပါ အဆက်အသွယ်မပြတ်သည်မို့ ရှေ့တန်းစခန်းအခြေအနေနှင့် နောက်တန်း တပ်ရင်းအခြေအနေကိုပါ မျက်ခြေတော့ မပြတ်လှပါ။

လိုင်းမမိသည့် တောင်ထိပ်စခန်းမှာ သစ်ပင်ပေါ်တက်ပြီး ကျိရန်အသံကြားရရေး ကြိုးပမ်းနေသည့် ဟောက်ရွှမ်းအကြောင်းပင် ပါသေးသည်။

ရွာသူကြီးက ညီမဖြစ်သူနှင့်မိတ်ဆက်ကာ ခေါင်ရည်လက်ဆောင်ပေးသည်ကို မိန်းကလေးကို လှည့်ပင်မကြည့်ပဲ ခေါင်ရည်ကျည်တောက်တွေသာ မ လာသည့် ဒုတပ်ရင်းမှူး လူပျိုကြီးကိုလည်း ရယ်ရပြန်တာ။

ဒီတစ်ပတ် ပိတ်ရက်က ပြတိုက်လုံခြုံရေးလည်း မရှိသည်မို့ ယွီပင်းက သူ့ guardian တပ်ဆီ အလည်သွားသဖြင့် ဝမ်လေးဆီ ထွက်လာခဲ့လိုက်သည်။

ကောချန်က သူ့လေးလေးအိမ်ပြန်ကာ ဖန်ရှင်းကလည်း ယွီပင်းနှင့် ပါသွားတာမို့ ဝမ်လေးကိုခေါ်ကာ ယွီပင်းတိုက်ခန်းမှာ နှစ်ယောက်သား ချက်ပြုတ်စားကြမည် ဖြစ်သည်။

ကျောပိုးအိတ်လေးလွယ်ကာ ပြေးဆင်းလာတာကို လက်လှမ်းပြရင်း စောင့်နေတော့ ပြုံးပျော်နေသည့် ချစ်သူလေးက ကားသော့ကို လက်ထဲထည့်ပေးလာလေသည်။

အသာပြုံးရင်း ကားသော့ကို လက်လေးထဲ ပြန်ထည့်ကာ ဖိဆုပ်လိုက်တော့ မော့ငေးလာသည့် နားမလည်ဟန် မျက်ဝန်းလေးတွေ။

"ဝမ်လေး...ကိုကိုပြောတာ သေချာနားထောင်နော်..."

"....."

"ကိုကိုက ဝမ်လေးကို အချစ်နဲ့သစ္စာပဲ ပေးနိုင်တာ...ဝမ်လေးကားနဲ့ လျှောက်လည်ဖို့အထိတော့ စိတ်မလုံလှဘူး...ကိုကိုနဲ့ဆို လိုင်းကားပဲ စီးရမှာ သိလား...."

"ကိုကိုကလည်း...ချစ်သူချင်း သူစိမ်းဆန်နေသလိုကြီး..."

"ကိုယ့်ချစ်သူက အဲ့လိုမတွေးတတ်တာ သိပေမယ့်...လောလောဆယ်တော့ လိုင်းကားနဲ့ပဲ သွားရအောင်...ဟော No.95 လာနေပြီ...မြန်မြန်..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now