MHBTAS (29)

6.2K 560 60
                                    

Part (29) U

သတ်မှတ်အချိန်အတိုင်း ခရီးနှင်နေသည့် ယာဥ်တန်းက တစ်နေကုန်မောင်းပြီး ညဦးပိုင်းမှာ နားနေကြနေရာမှာ စခန်းချနားဖြစ်သည်။

ရှေ့ဆုံး ပွိုင့်သွားသည့် ကားမှ နယ်မြေလုံခြုံရေး အရင်စနည်းနာပြီး စိတ်ချရသည့်ဟန် အချက်ပြမှ တစ်ထောက်နားခြင်းပင်။

ညနေစောင်းကတည်းက စစ်ကြောင်းတစ်ခုလုံးရပ်ကာ ယာဥ်ကြံ့ခိုင်ရေးနှင့် ပစ္စည်းတွေ ရိက္ခာတွေ သေသေချာချာ ပြန်စစ်ပြီး ရွက်ဖျင်တဲများထိုးကာ သူ့အဖွဲ့နှင့်သူ နေရာယူကြပြီ။

ကားဆရာတွေကတော့ ကားခေါင်းခန်းမှာပင် နားကြမည်ဖြစ်ပြီး တစ်ချို့က အနီးအပါးစမ်းချောင်းလေးမှာ ရေတောင် သွားချိုးကြပြီ။

ရဲဘော်တစ်ချို့အကူအညီနှင့် မနိမ့်မမြင့်ကမူလေးထက်မှာ တဲထိုးပြီး စွာတေးကိုကြည့်လိုက်တော့ အပင်ကိုမှီပြီး ငိုက်နေတာကြောင့်
မနိုးတော့ပဲ စစ်စောင်ပါးလေး ခဏခြုံပေးထားလိုက်သည်။

မြေပြင်ကိုအနည်းငယ် ရှင်းလင်းကာ ထင်းတစ်ချို့စုနေတုန်း ဝမ်လုံးလုံးက မျက်လုံးလေးပွတ်ကာ နိုးလာပြီ။

"ကိုကို ဘာလုပ်နေတာလဲ..."

"ညကျရင် အေးမှာ...ခုတည်းက ထင်းကြိုစုထားတာလေ...အိပ်ပုပ်လေး အိပ်ရေးဝရဲ့လား..."

"ကိုကို့လွမ်းလို့ အိပ်မရတာ ကြာပြီ...သိလည်းသိပဲနဲ့..."

"တော်လောက်ပြီ ဝမ်လေး...မကောက်နဲ့တော့...မမှောင်ခင် ရေသွားချိုးရအောင်...ထ...."

ထင်းခြောက်လေးတွေ ကောက်နေသည့် လက်လေးကို အသာဆွဲရင်း ပြောမိတော့ မျက်လုံးလေးပြူးကာ ပါလာပုံက အူယားစရာ။

"Wow...လှလိုက်တာ...ပျော်စရာကြီးနော် ကိုကို..."

သဘာဝတရားကို ချစ်တတ်သည့် ဝမ်လုံးလေးက ဟိုအပင်ငေးလိုက် ဒီပန်းခူးလိုက်နှင့် မျက်လုံးလေးတွေ လက်နေအောင် ပျော်နေရှာတာ။

ကွေ့ဝိုက်စီးဆင်းလာသည့် စမ်းချောင်းလေးက ကျောက်စရစ် ရောင်စုံလေးတွေကို မြင်နေရသည်အထိ ကြည်လင်နေတာကြောင့် ပျော်မြူးသွားပုံလေးကို ငေးရင်း အသာဟန့်ရသည်။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now