MHBTAS (56)

3.9K 295 28
                                    

Part (56) U

ရှေ့တန်းက စာလေးတွေ ရောက်လာ...
ထပ်တလဲလဲ ပြန်ဖတ်နေမိတာ....
တာဝန်ကြားထဲ မအားပဲရေးတဲ့
သူတစ်ယောက်ပါ...
အန္တရာယ် ကင်းဝေးအောင်
ဆုတောင်းရင်းနဲ့လေ...
ကျန်းမာပါစေ တို့တွေးရင်း
အလွမ်းတွေ ဝေ...

စစ်သည်အတွက် တေးလက်ဆောင်ကဏ္ဍမှ တင်ဆက်နေသည့် ဂုဏ်ယူအလွမ်း သီချင်းလေး။ အခန်းရှင်းတာ လတ်စသတ်နေရင်း ကိုကို့ကို ပိုလွမ်းသွားရသည်။

စားပွဲပေါ်က ကြိမ်ခြင်းလေးကို ဖွင့်လိုက်စဥ် ပန်းခြောက်ပန်းခက်တို့နှင့် စာအိတ်တစ်ချို့။

တောင်တန်းတွေကိုမြင်တော့ လွမ်းတယ်...
ကောင်းကင်ကြီးကိုမြင်တော့ လွမ်းတယ်...
တိမ်တွေမြင်လည်း လွမ်းတယ်...
လေပြေတွေမှာတောင် မင်းအသက်ရှုသံငွေ့ငွေ့လေး ပါနေသလားလို့ လွမ်းမိတယ်...
မြင်လေရာရာ မင်းအရိပ်တွေချည်း စိုးမိုးလွန်းတယ်...အချစ်ရယ်...

"စစ်သားမလုပ်ပဲ စာရေးဆရာ လုပ်ပါလား...ကိုကိုရဲ့..."

ကိုယ်တို့ စခန်းကုန်းထိပ်မှာ ချယ်ရီပင်ကြီးရှိတယ် ဝမ်လေးရဲ့...ကိုကိုထည့်ပေးလိုက်တဲ့ ချယ်ရီပွင့်လေးတွေရဲ့ အိမ်ကလေးပေါ့...
ပင်စည်မှာလေ ကိုယ့်ချစ်သူနာမည်လေး အမှတ်တရ ထွင်းထားတယ်...
ချယ်ရီပွင့်ဝေ လွမ်းသက်သေပေါ့ကွာ...

"အတူတူပဲ...လွမ်းနေခဲ့ရတာ..."

ဒီနေ့ နှင်းတွေအရမ်းကျတယ်...
ရေတွေခဲနေလို့ ခြေလက်ဆေးဖို့တောင် မီးဖိုမပြတ်ဖို​ထားရတယ်...ကိုယ့်ချစ်သူလေးရော ချမ်းချမ်းနဲ့ လွမ်းနေမလား...
ဒီလိုဆောင်းညတွေမှာ ချစ်သူကို ရင်ခွင်ထဲထည့်ထားပြီး နှင်းကျတာ ကြည့်ချင်လိုက်တာကွာ...ဘယ်တော့များမှ အတူနေရပါ့မလဲ...

"ဘယ်တော့များမှ အတူနေရပါ့မလဲ...ကိုကိုရယ်..."

ကြိမ်ခြင်းလေးထဲက စာလေးတွေ ပြန်ဖတ်ရင်း ဟိုယခင်ချစ်သူဘဝကို လွမ်းမိရသည်။
စာရွက်ကြားက တောရိုင်းပန်းလေးတွေ ခြောက်သွေ့နေသည့်တိုင် ချစ်ခြင်းတို့က ပျိုမြစ်လတ်ဆတ်သစ်လွင်ဆဲ။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now