MHBTAS (59)

4K 301 17
                                    

Part (59) U

ဒက်ဒီ ဗိုလ်မှူး ရှောင်းကျန့် ✡ ပါးပါး ဝမ်ရိပေါ်
သားသား ရှောင်းစောအော် (၁) နှစ်ပြည့် မွေးနေ့ အလှူတော်မင်္ဂလာ

ဒီနေ့က စောအော်လေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ဖြစ်သည်။

တပ်ဦးကျောင်းမှာ အာရုဏ်ဆွမ်းကပ်ပြီး ထောပတ်ထမင်း၊ ကြက်သားဟင်းနှင့် ငါးမွှေချဥ်စပ်ကြော်၊ ကြံမဆိုင်ဟင်းချိုတို့ဖြင့် နေ့ဆွမ်းကပ်လှူသည်။ ဆေးပဒေသာပင်အနေဖြင့်လည်း ငွေသားစိုက်ထူကာ လှူခဲ့သည်။

အဖေနှစ်ယောက်ကြားမှာ အရွယ်လေးနှင့်မလိုက် ငြိမ်ငြိမ်လေးလက်အုပ်ချီထားသည့် စောအော်လေးကို အားလုံးကသဘောကျနေကြသည်။ ဘုန်းဘုန်းကြီးပင် တပြုံးပြုံးနှင့်ကြည့်ရင်း စောအော်နဖူးလေးကို လက်ဖြင့်ထိကာ ဆုတွေတသီကြီး ပေးတော့သည်။

တရားနာပြီးနောက်တော့ တပ်ရင်းမှူးနှင့်ဇနီး၊ အရာရှိအရာခံ၊ အကြပ်စစ်သည်များနှင့် ဇနီးမိသားစုဝင်များကို တည်ခင်းဧည့်ခံသည်။

သစ်ပင်သစ်ရိပ်များနှင့် အုံ့ဆိုင်းအေးမြနေသော ကျောင်းဝန်းကြီးထဲကပြန်လာကြတော့ နေ့လယ်မွန်းတိမ်းပြီ။

တပ်နှင့်မဝေးလှသည်မို့ အားလုံးနီးပါး ခြေလျင်သာလာကြသည်မို့ စစနောက်နောက် စီစီညံညံပင်။ လမ်းတစ်လျှောက်မှာ စိန်ပန်းပြာပင်တွေချည်းမို့ ခရမ်းပြာရောင်ပန်းပွင့်တို့ ကြဲချထားသည့်လမ်းလေးက အရိပ်လည်းရ၊ ကဗျာဆန်ဆန် လှနေသည်။

စောအော်လေးကတော့ လူစုလူဝေးနှင့်မို့ ပျော်နေသည်။ နေ့ခင်းပုံမှန်အိပ်ချိန် မအိပ်ရတာတောင် အီမနေပဲ ရိပ်သာက လူပျိုအုပ်စု ဗရုတ်ကျသမျှ တခစ်ခစ်သဘောတွေကျနေတာ့သည်။

ရှောင်းကျန့်၊ ဝမ်ဝမ်နှင့် ကျိရန်၊ ဟောက်ရွှမ်းအတွဲကတော့ စကားတပြောပြောနှင့်။ ဟောက်ရွှမ်းက သင်တန်းကပြန်လာလာချင်း စောအော်လေးမွေးနေ့နှင့်ကြုံခြင်းဖြစ်သည်။

သင်တန်းနည်းပြက ရှောင်းကျန့်နှင့်အပါတ်စဥ်တူဖြစ်ကာ လူကသာ ပြုံးတုံ့တုံ့နှင့် သင်တန်းသားတွေကို တအားမောင်းကြောင်း၊ စည်းကမ်းအရမ်းကျပ်ကြောင်းတွေ ပြောတော့သည်။ ဒီအထိ ​ရှောင်းကျန့် မအံသြသေး။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now