MHBTAS (46)

6.5K 549 39
                                    

Part (46) U

"ဗိုလ်ကြီးက ညီလေးကို ကျောပိုးပြီး ပြေးထွက်လာရင် နောက်က မီးခိုးလွှတ်ပေးထားမယ်...camera ကို မကြည့်ပဲ တောက်လျှောက် ပြေးရမှာနော်...ညီလေးက ဗိုလ်ကြီးပုခုံးကို သိုင်းဖက်ထားပြီးး အားကိုးတကြီး ကြည့်နေရမှာ...."

"မီးက တစ်ဖက်ကပဲ ထိုးမယ်...သစ်ရွက်ခြောက်တွေကို fan အကြီးနဲ့မှုတ်မှာမို့လို့ မျက်စိနည်းနည်း စပ်မလားပဲ..."

"Ready....1....2....3...."

ပြောက်ကျားဝတ်စုံအပြည့်နှင့် မိတ်ကပ်အညိုခြယ်ထားသော ရှောင်းကျန့်က ဟူဒီပွပွ ဘောင်းဘီဒူးကျနှင့် ဝမ်လေးကို ကျောပိုးကာ ကြိုးတံတားလေးပေါ်က ဖြတ်ပြေးနေတုန်း သစ်ရွက်ခြောက်တစ်ချို့က ပန်ကာလေနှင့် တဝဲဝဲ တလွင့်လွင့်။

ထင်းရှူးပင် ခြေရင်း မီးဖိုလေးဘေးမှာ ကိုကို့ဂျာကင် ခြုံထားသည့် ဝမ်လေးနှင့် စစ်ဆွယ်တာ၊ပြောက်ကျားဘောင်းဘီတွဲဝတ်ထားသည့် ကိုကိုက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဝါးဆစ်ဘူးလေးတွေနှင့် လက်ဖက်ရည် အတူသောက်နေကြပုံလေးတွေ။

စမ်းချောင်းကြည်ကြည်လေးနား ဘောင်းဘီခြေသလုံးတစ်ဝက်စီထိ ခေါက်တင်ကာ ကိုကိုက သီတံနှင့်ငါးကင်ရင်း ဝမ်လေးက ပန်းရောင်စုံလေးတွေ စမ်းရေထဲ မျှောနေပုံတွေ။

Sence တစ်ချို့ပြီးတော့ နဖူးမှာ ချွေးစတို့ခိုနေသော ရှောင်းကျန့်က camera တွေနှင့်မို့ အနေရခက်ဟန် ရှိပေမယ့် ခပ်ပြုံးပြုံး။

ပါးမို့လေးတွေ ဖောင်းတက်နေအောင် ပြုံးနေသော ဝမ်ဝမ်လေးကတော့ ကိုကို့ကို ချွေးသုတ်ပေးလိုက် camera man ဆီ ပြေးကာ ပုံ​တွေကြည့်လိုက်နှင့် ပျာယာခတ်နေသည်။

မီးထိုးမှန်ထိုးနှင့် စက်အဖွဲ့သားတွေကတော့ ရှေ့သွားနောက်လိုက်ညီလှသော ချစ်သူနှစ်ဦးကို ကြည့်ကာ ကြည်နူးအပြုံးများနှင့်ရယ်။

ကောချန်နှင့်ဖန်ရှင်းက စားစရာတွေ တပုံတပင်နှင့် လိုသမျှလုပ်ပေးရန် အရန်သင့် စောင့်နေကြသည်။

ဘေဂျင်းမြို့အထွက်နား သဘာဝဥယျာဥ်ထဲက pre wedding ရိုက်ကွင်းလေးကတော့ မိတ်ကပ်၊ အဝတ်အစားနှင့် setting ကအစ ထူးထူးခြားခြားမို့ အဖွဲ့သားအားလုံး တက်ကြွနေကြတာ။

My Heart Belongs To A Soldier_Completed [ Z&U ]Wo Geschichten leben. Entdecke jetzt