MHBTAS (21)

8.8K 774 153
                                    

Part (21) U

"သားငယ်ရေ...ဧည့်ခန်းက သား lego တွေ ရှင်းထားဦး...ဖေကြီးက အလုပ်ရှိလို့ ဗိုလ်ကြီးရှောင်းကျန့်ပါ ပါလာမှာတဲ့...."

ကုတင်ပေါ် ကန့်လန်ဖြတ်လှဲကာ game ဆော့နေသည့် ဝမ်ဝမ်လေးမှာ မေကြီးစကားကြောင့် ငုတ်ခနဲ ထထိုင်မိသည်။

"မေကြီးက စောစောပြောတာ မဟုတ်ဘူး...."

"အလိုတော်...ခုလေးတင် ဖုန်းရရချင်း ပြောတာလေ...ကောက်ချိတ်မနေနဲ့ သွားသိမ်း...."

သူ့ lego တွေကိုဆို ယုယနေပြီး သူများကိုင်ရင်တောင် မကြိုက်သည့်သူက ဇိုးဇိုးဇတ်ဇတ်နှင့် ဖွထားသမျှ အရုပ်တွေကို ပုံးခွံတစ်ခုတည်း စုထည့်ပစ်တာကအံ့သြတကြီး ဖြစ်ရပြီ။

ပုံးကြီးသိမ်းကာ တော်တော်နှင့်ထွက်မလာသည့်သူက ထွက်လာပြန်တော့လည်း ရေမွှေးပုလင်းမှောက်ကျလာသည့်အလား မွှန်ထွန်နေတာကြောင့် မြန်မြန်ထကာ အလုပ်လုပ်ရင်း အဆာပြေစားဖို့ ပြင်ဆင်နေလိုက်တော့သည်။

Head & Shoulder နှင့် ခေါင်းပါလျှော်ပစ်ကာ  Safeguard ဆပ်ပြာနှင့် စိမ်ချိုးလိုက်တော့ လန်းဆန်းသွားပြီ။

အဝတ်မြန်မြန်လဲကာ သီချင်းတညည်းညည်းနှင့် Bleu De Chanel ရေမွှေးစွတ်ကာ မေကြီးဆီ ယောင်လည်လည် ကပ်သွားမိသည်။

"မေကြီး...ဘာလုပ်နေတာလဲ...."

"ကြက်ကြော်နှင့် တော့ပုကီရယ်...နာနတ်သီး ဖျော်ရည်ရယ်...."

"ဟိ...အဲ့ဒါတွေ မေကြီးကို ချစ်နေရတာ...ရွှတ်..."

"ဖေကြီးတို့ စားပြီးမှ စားရမှာ....လာဖားမနေနဲ့....အချွဲလေး...."

နောက်ကသိုင်းဖက်ရင်း ရွှတ်ခနဲ နမ်းမိတော့ ပြုံးပြုံးကြီးနှင့် အသာတွန်းလွှတ်လာသော မေကြီးက နားစွင့်ဟန်ပြုကာ...

"လာကြပြီလား မသိဘူး....."

လက်အိတ်ချွတ်ကာ ဖျော်ရည်ပန်းကန်မသွားသော မေကြီးနောက်က အသာလေး ကပ်လိုက်သွားရင်း တံခါးနောက်နေ ခိုးကြည့်မိတော့ ဖေကြီးနောက်ကနေ ဖိုင်တစ်ထပ်ပိုက်ကာ ပါလာတဲ့ လူကြီး။

"ထိုင်ဦး...ရှောင်းကျန့်ရေ...ခဏနားပြီးမှ ဆက်လုပ်ကြတာပေါ့...မေရေ သောက်စရာလေး တစ်ခုခုစီစဥ်ထားတယ်မလား..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now