MHBTAS (33)

6.1K 532 93
                                    

Part (33) U

"ဦးဦးရန်ရှင်း..."

"ဝမ်ဝမ်လေး...ဘာလိုလို့လဲ..."

"ဘာမှ လိုပါဘူး...သား မေးစရာရှိလို့..."

"မေးစေဗျား...ထိုင်ဦး...ဦးဦး ခြေလက်ဆေးဦးမယ်..."

ဖေကြီးက ရုံးသွား၊ မေကြီးကလည်း တပ်ရင်းရှိ စိုက်ခင်းတွေဆီ သွားနေတာကြောင့် အိမ်နောက်ဘက်က ဦးဦးရန်ရှင်းနေသည့် တန်းလျားဆီ လျှောက်လာတော့ မြက်ရှင်းနေသည့် ဦးဦးက ခြေလက်ဆေးပြီး ကွပ်ပျစ်လေးမှာ လာထိုင်သည်။

"ဟို...ကို...ရှေ့တန်းကလေ ဖုန်းလိုင်းအရမ်းခက်တာလား ဟင်..."

"အင်း...လိုင်းမမိတာက များတယ်...ပြီးတော့ အရေးကြီးနယ်မြေဆိုတော့ ကြားဖြတ်ဖမ်းယူတာတွေလည်း ရှိတတ်တော့ ဆက်သွယ်ရေးစက်ကနေပဲ ပြောဖြစ်ကြတာ များတယ်...ဝမ်ဝမ် ဘာမှာဖို့ ရှိလို့လဲ..."

"မရှိ...မရှိပါဘူး....ဒီတိုင်း မေးကြည့်တာ...."

"ဗိုလ်ကြီး လင်းဖန်တော့ လစာပေးအဖွဲ့နှင့် တက်မယ်ကြားတယ်...."

"ဟုတ်...အဲ့ဒါဆို သား သွားတော့မယ်နော်...."

နှာခေါင်းထိပ်လေး ရှုံ့ပွပွနှင့် ပြေးထွက်သွားသော ဂွမ်းလုံးလေးကို ပြုံးကြည့်မိရင်း ဖုန်းခေါ်မိပြီ။

အိတ်လေးထဲကို lollypop တွေ၊ အရုပ်ပိစိလေးတွေ ထိုးထည့်ကာ ဟူဒီပေါ် ကုတ်အရှည်ထပ်ဝတ်ပြီး ချန်ချန်နှင့်နိုနိုဆီ ထွက်လာလိုက်သည်။

တပ်ရင်းမှူးအိမ်နှင့် အရာရှိလိုင်းက ကျောချင်းကပ်မို့ ​ခြံစည်းရိုးက ထွက်တာနှင့် ရောက်ပြီ။

"တိုတိုဝမ်...ကျန်ရာရီ..."

"တိုတို....ရုပ်ရုပ်တွေလား...."

နိုနိုလေးက မွေးပွအနွေးထည်နှင့် လုံးတစ်တစ်လေး ပြေးလာတာကြောင့် ဆီးပွေ့မိတုန်း လက်ထဲက အရုပ်ထုပ်ကို ဆွဲနေသည့် ချန်ချန်။

"အေးပေါ့ကွ...အတူတူ ကစားရအောင်..."

"ဟော...ဝမ်ဝမ်...အတော်ပဲ...အိမ်မှာ အမဲစွပ်ပြုတ်လုပ်နေတာ...သားတို့ ကိုကို့ကို ခေါ်လာခဲ့..."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now