MHBTAS (5)

8.7K 835 38
                                    

Part (5) U

"ကာကွယ်ရေး၊ လေ့ကျင့်ရေး စတာတွေအပြင် အရာရှိငယ်တွေအနေနဲ့ နောက်လိုက်ကောင်းမှ ခေါင်းဆောင်ကောင်း ဖြစ်မယ်... ဆိုသလို နယ်မြေခံဒေသတွေ ရပ်ရွာဖွံ့ဖြိုးရေးအတွက်ကိုလည်း အထူးဂရုပြုကြဖို့ မှာချင်တယ်...အထူးသဖြင့်လမ်းပန်း ဆက်သွယ်ရေး ဝေးလံတဲ့ နယ်တပ်တွေအနေနဲ့ ခက်ခဲပေမယ့် ပိုအာရုံစိုက်စေချင်တယ်... ဘာသတင်းပို့စရာရှိလဲ..."

"မရှိပါဘူး..."

အစည်းအဝေးပြီးတော့ ဒုတပ်ရင်းမှူး၏ guardian စီနီယာနှင့်ဆုံကာ လိုအပ်သည်များ မေးမြန်းနာယူပြီး အလေးပြုပြီး လှည့်အထွက်....

"ငကျန့်...ဟေ့ကောင်ကြီး...ခုမှ ဆုံရတော့တယ်ကွာ..."

"ယွီပင်း...အစည်းအဝေးလာတာလား...ခန်းမထဲတုန်းက မတွေ့လို့..."

"ဘယ်ကသာကွာ...ဘိုးတော်ကိစ္စလာတာ...အခု ညနေပြန်လာခဲ့ဆိုလို့ ရောက်ပြန် ဖြစ်ပြီး ပျာနေတာ...မင်းရော....အရင်တပ်ပဲလား..."

"အရင်လကမှ ပြောင်းမိန့်ထွက်တာကွ...ယာယီတာဝန်လာရင်း ဒုတပ်ရင်းမှူးက ပုံမှန်အစည်းအဝေး တက်ပေးပါ ဆိုလို့ မိနေတာ...."

"အေးကွာ...အေးဆေးဆုံချင်သေးတာ...."

"မင်း ညနေမှ ပြန်မှာ မဟုတ်ဘူးလား...."

"ငါ့ကောင်လေးနဲ့ ချိန်းထားသေးတယ်ကွ...သူ့ကျောင်းကို လာမယ်​ပြောထားလို့...."

""အဲ့ဒါများ...လာအလွမ်းသယ်နေသေးတယ်......"

"ငါနဲ့လိုက်ခဲ့လေကွာ...ကားမောင်းရင်း ပြော​လို့ဆိုလို့ ရတယ်လေ...အပြန်ကျမှ တစ်နေရာ ဝင်ထိုင်ကြတာပေါ့..."

"သူများအတွဲကြား ကန့်လန့် ကန့်လန့်နဲ့ကွာ..."

"ကုတင်ချင်းကပ် နေလာတဲ့ သူငယ်ချင်းချင်း ကြင်နာစမ်းပါကွာ...လုပ်ပါ...မျက်နှာလေး သွားကြည့်ချင်လို့...."

"တော်တော့ ဟေ့ကောင်...လိုက်ရင်ပြီးရောမလား...ရွံစရာတွေ လာပြောနေတယ်..."

အဆုံးသတ်တော့ ယူနီဖောင်းတောင် လဲချိန်မပေးသော ယွီပင်းကြောင့် ဖိုင်တစ်ထပ်ပိုက်ကာ ပါလာကသူက ရှောင်းကျန့်ရယ်သာ။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now