MHBTAS (4)

8.8K 862 51
                                    

Part (4) U

"အမိန့်ရှိပါ...အကိုကြီး....."

"ဌာနချုပ်မှာ ပုံမှန် အစည်းအဝေးတစ်ခု ရှိလို့ကွာ...အရင်က  ဟိုက်ခွမ်းတက်ပေမယ့် နယ်မြေရှင်းလင်းရေး ပါသွားတော့ တပ်မှာ အရာရှိ နည်းနေတာ...ကိုယ့်ညီ တက်ပေးဖို့ အဆင်ပြေမလားလို့..."

"ပြေပါတယ်...data တွေကျ ဘယ်လိုပို့မလဲ  အကိုကြီး..."

"ပုံမှန် အစည်းအဝေးမို့ သီးခြားတော့မရှိဘူး...ညွှန်ကြားချက်စောင့်ရုံပဲ...လိုမယ့် စာရွက်စာတမ်းတွေ ကိုယ့် guardian ဆီ ချိတ်ထားပေးမယ်...OK...လား..."

"OK...အကိုကြီး...တပ်မှာရော အေးဆေးပဲလား..."

"အေးဆေးပဲ...ဘိုးတော်တော့ မင်းကို အမှတ်တွေ ပေးနေပြီကွ..."

"အမ်..."

"အရိပ်အခြေသိပြီး အမြော်အမြင်ရှိတယ်...သင်ယူလိုစိတ်လည်း ရှိတယ်တဲ့..."

"အဲ့လောက်လည်း မဟုတ်ပါဘူး...အကိုကြီးရာ..."

"ငါက မင်း ပျားတုပ်ပြီ မှတ်နေတာ...အမွှေစိန်လေးနဲ့တွေ့ပြီး..."

"တပ်ရင်းမှူးသားလား...ကလေးသာသာပါဗျာ..."

"အဲ့ကလေးသာသာလေး ဆိုင်ကယ်နဲ့ဝင်ကျုံးလို့  ရိပ်သာရှေ့က ငါတို့ ဂစ်တာထိုင်တီးနေကြ ကွပ်ပျစ်လေး ပြိုကျပါရောလား..."

"ဟား...ဟား...အဲ့လိုလား..."

"အဲ့ထက် ပိုသေးတယ်...မော်တော်ယာဥ်က ကားစုတ်ကြီးကို တက်မောင်းတာ....ကုန်းဆင်းကြီးကို လှိမ့်ချလာတာကွာ...ဂျမ်းတုန်းခုမရ...ဘရိတ်နင်းဖို့ပြောတာလည်း မကြား...မျက်လုံးကြီးမှိတ်ပြီး အသေအော်တာ...ယာဥ်ပြင်အဖွဲ့ ဝိုင်းပြီး သံကြိုးနဲ့ချိတ်မှ ရပ်သွားတာ...ဘိုးတော် ဒေါသတွေထွက်ပြီး ဗျင်းမယ်လုပ်တာ ငါခေါ်ဖွက်ထားပေးရသေး...တကယ့် မနိုင်စိန်လေး..."

"တပ်ရင်းမှူး ဒီလောက် စည်းကမ်းကြီးတာကို..."

"သူ့အဖိုးနဲ့နေတာ များတာကိုး...ကျောင်းပိတ်ရက်လောက်ပဲ လာနေတာ...သူလာရင် မျက်ခုံးလှုပ်နေရတယ်...ရိပ်သာပါ လာမွှေတာဟ...."

"တို့အကိုကြီး လက်မြှောက်ရမယ့်သူ တွေ့ပြီပေါ့...."

"ခြေရော လက်ရော မြှောက်တာဟေ့...ကဲ...ကဲ...guardian ဆီက ဖုန်းဝင်နေပြီ...ဒါပဲ ညီရေ...ဂရုစိုက်ကွာ...."

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now