MHBTAS (53)

3.5K 260 5
                                    

Part (53) U

"မင်းလည်း ပျောက်တယ်နော်...ငါ အရင်တစ်ပတ်က ဖိုးဖိုးဆီ ဆတ်သားခြောက်သွားပို့မှ မင်းအရမ်းတွေ လိမ်မာနေတာ သိရတာ...အဲ့ဒါနဲ့ မင်းအတွက်ပါ တစ်ခါတည်းပို့လိုက်တာ..."

"အေးကွာ...အိမ်ကလွဲပြီး ဘယ်မှလည်း မဆက်ဖြစ်ဘူး...ဖိုးဖိုးပြောမှ ငါလည်းမင်းလာသွားတာ သတိရတယ်...ဆတ်သားခြောက်တွေလည်း ကျေးဇူးကွာ...ဒါနဲ့ ကောချန်တစ်ကောင်တော့ သူ့အိမ်အလုပ်မှာ ဝင်လုပ်နေပြီဆို..."

"အေးလေ...ဒီကောင်က နိုင်ငံခြားထွက်ချင်တာ...သူ့ဘိုးတော်က အိမ်အလုပ်ပဲ ဦးစီးစေချင်တာဆိုတော့ အဲ့လိုပဲ ဖြစ်သွားတယ်..."

"ကောင်းပါတယ်...အိုးမကွာအိမ်မကွာပေါ့ကွာ...မင်းရော အဆင်ပြေတယ်မလား...အကိုယွီနဲ့ ဘယ်တော့လဲ..."

"ဒီနှစ်ကုန်လောက်တော့ မှန်းထားတာပဲ...နှစ်ဖက်မိဘတွေဆီလည်း ခွင့်ပြုချက်ရပြီးပြီဆိုတော့..."

"သတင်းကောင်း စောင့်နေမယ်...သားကြီးရေ..."

စောစောစီးစီးဖုန်းဝင်လာသည်က ဖန်ရှင်း။
မဆုံတာကြာသည်မို့ ပြောရင်းဆိုရင်းနှင့် သူငယ်ချင်းတွေနှင့်ကျောင်းကြီးကို သတိရလွမ်းမိသေးတော့သည်။

ကြာကြာတော့မလွမ်းအား။
မြေဆီသြဇာကောင်းလှသည့်မြေမှာ ပေါင်းမြက်တို့က နှိမ်နိုင်ပါမှ တော်ကာကျသည်မို့ မနက်စာစားပြီး ခြံရှေ့အခင်းထဲဆင်းရသည်။

နှစ်ဦးသား အတူပျိုးခဲ့သည့်အခင်းလေးကို ထပ်တိုးချဲ့စဥ်က အလေ့အကျင့်မရှိသည်မို့ ပေါက်တူးကိုင်သည့် လက်ဖဝါးတွေမှာ အရည်ကြည်ဖုတွေထပြီး နီရဲပေါက်ပြဲကာ စပ်ဖျဥ်းလို့နေသည်။

အခုတော့ အဖူးအပွင့်အသီးအညွန့်တွေ တဝေဝေနှင့် စိမ်းမြလန်းဆန်းနေသော အစိမ်းရောင်ကမ္ဘာလေးက မြင်သူတကာရင်အေးစေသလို တပ်ရင်းမှာပါ စံပြချီးကျူးခံရသည်မို့ အမောပြေကြည်နူးရပါသည်။

"ဝမ်ဝမ်ရေ...ခြေလက်ဆေးပြီး နားတုန်းလေး စားကြရအောင်..."

မမရွှမ်လုအသံကြားမှ ငေးမိငေးရာငေးနေမိသည့် ဝမ်လေး လက်ရှိအခြေအနေကို သတိရတော့သည်။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now