MHBTAS (10)

8.1K 728 61
                                    

Part (10) U

"ဖိုးဖိုးနဲ့နေပါဦးလား...မြေးလေးရယ်..."

"ဖိုးဖိုးနဲ့က အမြဲနေမှာ....မေကြီးတို့ကျ ကျောင်းရက်ရှည်ပိတ်မှ တွေ့ရလို့ပါ....နော်...ဖိုးဖိုး...နော်..."

"အမြဲနေသွားရင်တော့ ဖိုးဖိုးက အကြိုက်ဆုံးပေါ့...မြေးလေးက အိမ်ထောင်မပြုတော့ဘူးလား..."

"သားက ကလေးပဲ ရှိသေးတာ...ဖိုးဖိုးနော်..."

"ပြန်မယ်ဆိုလည်း လာကြိုဖို့ မေလင်းကို ဆက်ထားဦး...သားမက်ဝမ်က မအားတာ ခပ်များများရယ်..."

"မေကြီးနဲ့ ပြောပြီးပြီ...ဦးဦးရန်ရှင်း လာကြိုမယ် တဲ့...ဖိုးဖိုး...."

"အဲ့ဒါဆို ပြင်စရာရှိတာ ပြင်ထား...မနက်​ဖြန်မနက် အတွင်းရေးမှူး လီ ကားဂိတ်လိုက်ပို့လိမ့်မယ်..."

"ပြန်လာရင် ဖိုးဖိုးအတွက် အသီးတွေအများကြီး ခူးခဲ့မယ်...သယ်ခဲ့မယ်...."

"နေပါဗျာ...ဘာမှ မွှေမလာရင်ပဲ ကျေးဇူးတင်လှပါပြီ..."

"အဲ့ဒါဆို....မုန့်ဖိုးပေး..."

ဖိုးဖိုးက မနိုင်ဘူး ဟူသော အကြည့်ဖြင့် ခေါင်းယမ်းကာ ပိုက်ဆံတစ်ထပ် ထုတ်ပေးလာသည်မို့ ရွှတ်ခနဲ နမ်းကာ ပြေးထွက်လာခဲ့တော့သည်။

နယ်မြို့ပိစိလေးမို့ ကဒ်ထက် ပိုက်ဆံက ပိုအသုံးတည့်မှာကိုး။

နောက်တစ်နေ့မနက်ကျတော့ ဖိုးဖိုးရဲ့ အတွင်းရေးမှူး ဦးလေးလီက ကားဂိတ်လိုက်ပို့ပေးသည်။

Lauggae ထဲမှာ အဝတ်က နည်းနည်း၊
မုန့်တွေနှင့် lego တွေရယ် အရုပ်ထုပ်ကြီးရယ်က လေးနေတာ။
စကိတ်ဘုတ်ကလည်း မပါမဖြစ် ယူရသေး။

ကားပေါ် စတက်တည်းက နားကြပ်တပ်ပြီး အိပ်ပျော်လာတာ။

ထမင်းလည်း ဆင်းမစားချင်တာနှင့် သူများတွေ စားနေကြတုန်း ရိပေါ်လေးကတော့ မုန့်စားရင်း သစ်ပင်ရိပ်မှာ ဖုန်းကလိနေလိုက်သည်။

ကိုယ် ရောက်ပြီ...

တင်ခနဲ ဝင်လာသော စာတိုလေးကြောင့် နားကြပ်ဖြုတ်ရင်း ခုန်ထမိတော့ မလှမ်းမကမ်းက အန်တီကြီးက လန့်သွားဟန် မျက်စောင်းထိုးလေသည်။

My Heart Belongs To A Soldier_Completed [ Z&U ]Där berättelser lever. Upptäck nu