MHBTAS (31)

6.1K 559 97
                                    

Part (31) U

"သားငယ်လေး...ထမင်းစားရအောင်..."

"သား မဆာသေးဘူး မေကြီး...စားနှင့်တော့နော်..."

"နည်းနည်းဖြစ်ဖြစ် စားပါ သားရယ်...မုန်ညင်းပေါင်းထားတယ်...သားအကြိုက် ပဲပုပ်အစပ်ချက်လေးနဲ့ စားရအောင်နော်...."

စာမေးပွဲမ​ဖြေခင် တစ်ပါတ်အလိုတည်းက မေကြီး ရောက်နေခဲ့တာ ဖြစ်သည်။
ကိုကို့ဆီက ပြန်ခေါ်လာတည်းက အဆောင်ကနေ ဖိုးဖိုးဆီမှာသာ နေရတာ။

အရင်ထက်စာလျှင် အအိပ်နည်းအစားနည်းကာ လူကချောင်ကျသွားတာမို့ အနီးကပ်လာနေပေးပြီး စာမေးပွဲပြီးတာနှင့်သားအမိနှစ်ယောက်လုံး တပ်ကို ပြန်ကြမှာ ဖြစ်သည်။

ထမင်းစားပွဲမှာထိုင်ပြီး ပန်းကန်ထဲ တူနှင့် ဟိုထိုးဒီဆွနေသည့် မြေးဖြစ်သူကိုကြည့်ရင်း ချန်ဖိုးဖိုး မျက်ခုံးပင့်ပြတော့ သမီးဖြစ်သူက ခေါင်းအသာ ယမ်းပြလာသည်။

ဆယ်ကျော်သက်အရွယ် စိတ်ကစားခဲ့ရုံ ထင်ပြီး လုပ်သင့်တာ လုပ်ခဲ့ရပေမယ့် အပြုံးအရယ်နည်းကာ ငိုင်နေတတ်သော မြေးလေးကိုလည်း မဆူရက်။

နှလုံးသားထက် တာဝန်ကို လေးစားလိုက်နာကာ လူကြီးတွေသဘောအတိုင်း နားလည်ပေးခဲ့သည့် လူငယ်အရာရှိလေးကိုလည်း အပြစ်မတင်ရက်။

သက်ပြင်းဖွဖွချကာ ပါးစပ်သုတ်ပြီး ထမင်းဝိုင်းက ထသွားသည့် ဖခင်ကိုငေးကာ မေလင်းလည်း ဘာလုပ်ရမည်မသိ။

ဖေဖေ့ဆီမှ သားငယ်လေးနှင့် ဗိုလ်ကြီး ရှောင်းကျန့်အကြောင်း ကြားရတုန်းက ဆိုလျှင် မှင်သက်မိကာ ဖုန်းပင် လွတ်ကျမတတ်။

တပ်ရင်းက ရှေ့တန်းထွက်နေရသဖြင့် စစ်ဆင်ရေးကိစ္စတွေရော အုပ်ချုပ်မှုကိစ္စတွေရော မအားလပ်နိုင်သည့် ခင်ပွန်းဖြစ်သူကိုလည်း ဖွင့်မပြောရဲသေးပဲ ချီတုံချတုံ ဖြစ်နေခဲ့ရတာ။

ဖြစ်ချင်တော့ စစ်ဆင်ရေး အင်အားဖြည့် ယာဥ်တန်းမှ စစ်ကြောင်းမှူးက ခင်ပွန်းဖြစ်သူရဲ့ ဂျူနီယာ ဖြစ်နေလေသည်။

ဗိုလ်ကြီးရှောင်းကျန့်နှင့် အတူတွဲတွေ့ရသော ကောင်လေးအကြောင်း ပြောမိရာမှ မရှေးမနှောင်းပင် ဖခင်ဖြစ်သူ ဆက်လာသည်က စာတစ်စောင် ထားခဲ့ပြီး ထွက်သွားသည့် သားငယ်လေး ကိစ္စ။

My Heart Belongs To A Soldier_Completed [ Z&U ]Where stories live. Discover now