part 1

10.1K 330 19
                                    

[ unicode]

"လင်းသစ်ကြွယ် ရန်ဖြစ်ပြန်ပြီတဲ့ဟေးး!!"

ဆိုတဲ့အသံနဲ့အတူ အဖြူအစိမ်းနဲ့ကျောင်းသားတစ်ယောက်အော်ဟစ်ပြီး ကျောင်းဆောင်ထဲကိုဝင်ပြေးသွားသည်..။

""" ကျောင်းအုပ်ကြီးရုံးခန်း """ လို့ဆိုင်းဘုတ်ချိတ်ထားသောအခန်းထဲတွင်.......

"ရန်ဖြစ်လို့ဘယ်သူလဲကြည့်လိုက် လင်းသစ်ကြွယ် ၊ ရန်ဖြစ်တာလူ‌သာချိန်းသွားတယ် လင်းသစ်ကြွယ်က မချိန်းဘူး ၊ ပွဲတိုင်းကျော်ပဲ ၊ ဘယ်လောက်ရုံးခန်းခဏခဏရောက်မင်းမရှက်ဘူးလား လင်းသစ်ကြွယ် ၊ကျောင်း‌တွေလည်းပိတ်ခါနီးနေပြီးခုထိမင်းရုံးခန်းရောက်တုန်း "

ကျောင်းအုပ်ကြီးလည်းဆူသာဆူရတာ‌ခက်ကြောက်ကြောက်ရယ်...။

"ငွေပေးလိုက်ရင်ရပြီးမဟုတ်ဘူးလား ကျောင်းအုပ်ဆရာကြီးခင်ဗျ"

ထိုင်ခုံကိုဖင်နဲ့မထိုင်ဘဲခါးနဲ့ထိုင်‌နေပြီး သူ့ကိုရွဲ့သလိုလိုနဲ့လာပြောနေတာမို့ ကျောင်းအုပ်ကြီးလည်းလင်းသစ်ကြွယ်ကိုမနိုင်ဘူးဆိုတဲ့ပုံနဲ့ခေါင်းရမ်းမိပါ၏။လင်းသစ်ကြွယ်ရဲ့အုပ်ထိန်းသူ သူ့အဖွားလာမှပြောသင့်တာပြောတော့မယ်ဆိုပြီး ကျောင်းအုန်ကြီးလည်း လင်းသစ်ကြွယ် ကိုဘာမှမပြောတောာ့ပါ။ကြွယ်မိသားစုဆိုတာဒီမြို့မှာနာမည်အကြီးဆုံး၊အချမ်းသားဆုံးစရင်းဝင်တွေထဲကအပြင်လင်းသစ်ကြွယ်အဖွားကပါအလိုလိုက်အကြိုက်‌ဆောင်တော့လင်းသစ်ကြွယ် ဆိုးသွမ်းတယ်၊ မာနကြီးတယ်တစ်နည်းအားဖြင့်ငွေဂုဏ်မောက်တယ်၊ အရာရာကိုငွေနဲ့ဖြေရှင်းတက်တယ် တော်ယုံလူကိုအပေါင်းအသင်းမလုပ်တက်ဘူး၊ သူ့ကိုခင်ချင်လို့လာရောတဲ့လူတွေကိုလည်း ဂရုမစိုက်တတ်၊ အပြောအဆိုအမှုအရာတွေကထင်စီးနိုင်တယ်၊  ဟူးး ဒီကလေးကမလွယ်ဘူး။ လင်းသစ်ကြွယ် အဖွားအလာသာစောင့်နေလိုက်တော့သည်။

"ဖွားမြေးလေး ရန်ဖြစ်ပြန်ပြီဆို၊ ဘယ်နားတွေထိခိုက်မိသေးတယ် မြေး ဖွားကိုပြစမ်းပါအုန်း"

ဆိုတဲ့အသံနဲ့အတူရုံးခန်းထဲဝင်လာတဲ့ လင်းသစ်ကြွယ် ရဲ့အဖွားဒေါ်‌နန်းစောကြွယ်။စူပုတ်ပုတ်လေးဖြစ်ထိုင်နေသော သူ့မြေးဖြစ်သူကို ဒေါ်နန်း‌စောကြွယ် ခြေဆုံးခေါင်းဆုံးကြည့်တော့များများစားစားထိခိုက်မိတာမရှိ နှုတ်ခမ်းထောင်လေးပဲပေါက်သွားတယ်ထင်တယ်၊နှုတ်ခမ်းလေးမှာသွေးစို့လို့၊အသက်က15နှစ်ရှိပေမဲ့ဖြစ်တဲ့ရန်ပွဲကလင်းသစ်ကြွယ်အသက်ကျော်‌သလောက်ဖြစ်နေပြီ ၊ဟင်း သူအလိုလိုက်အကြိုက်ဆောင်ခဲ့တာတွေလည်းပါမှပေါ့ ၊ဒေါ်နန်းစောကြွယ်ရဲ့ သားဘုန်းကြွယ်နဲ့‌ချွေးမယမင်းဒါလီတို့ကလင်းသစ်ကြွယ် တစ်နှစ်သားအရွယ်လောက်မှာကား မတော်တဆမှုနဲ့ဆုံးသွားခဲ့တယ် ၊ မိတဆိုးဖတဆိုးလေးမို့ ဒေါ်နန်းစောကြွယ် ကသည်းသည်းလှုတ်ချစ်ပြီးအလိုလိုက်ထားတော့ကလေးဆန်ပြီးဂျစ်ကန်ကန်နဲ့ဆိုးနေချင်းသာဖြစ်သည် ၊ လူကောင်ကညှပ်ညှပ်သေးသေးလေးနဲ့ရန်တွေခဏခဏဖြစ်တိုင်းသူမမှာစိုးရိပ်ရတာအမော ထိခိုက်ဒဏ်ရာမရှိမှသာပဲသက်ပြင်းချနိုင်တော့သည်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now