part 11

1.2K 134 8
                                    

Unicode
(စာစစ်မထား)
"ဖွား ကျွန်တော်ဒီမှာပဲကျောင်းတက်တော့မယ် "

- မြေးတက်ချင်တယ်ဆို အဖွားစီစဉ်ပေးပါ့မယ်

"ဟုတ်"

‌ဒေါ်နန်းစောကြွယ် သူ့မြေးဖက်ကဖုန်းစဆက်သည်မို့ အံ့ဩရပါသေးသည်။ ဖုန်းကိုင်'ကိုင်ချင်း သူဟိုမှာကျောင်းတက်မယ်တဲ့လေ..။ကိုယ့်ကိုဖုန်းစဆက်ဖို့ရှားတဲ့ကလေးက ဟိုမှာကျောင်းတက်ဖို့အတွက်စ‌ဆက်သွယ်ပြီးပြောလာသည်။ မြေးစိတ်ချမ်းသာအောင်ပဲထားချင်ပါတယ် ။ သူဟိုမှာအဆင်ပြေတယ်ဆိုတော့လည်း ဟိုမှာတက်ဖို့ပဲစီစဉ်ပေးရတော့မှာပေါ့...။

*********************"******************

တစ်ပတ်ကြာသော် -

ကြွယ်ဖွားဖွား‌ရောက်လာပြီး ကျောင်းတက်ဖို့ကိစ္စတွေအကုန်စီစဉ်ပေးသွားသည်။ကြွယ်ဖွားဖွားကသူ့မြေးကိုစောင့်ရှောက်ပေးဖို့ဦးသျှံကိုခဏခဏမှာကြားသွားသေးသည်။ကျူရှင်တက်ဖို့ကိစ္စ‌တွေပါစီစဉ်ပေးခဲ့တာမို့ ခုဆိုဦးသျှံကောကြွယ်ပါကျူရှင်အတူတူတက်နေကြပြီဖြစ်သည်။ခုဆိုဦးသျှံနဲ့ကြွယ်အတူတူသွား၊အတူတူပြန်ဖြစ်သည်။ဘာရယ်ကြောင့်မှန်းတော့မသိပါ ကြွယ်နဲ့ရှိချိန်တွေဆို ဦးသျှံသဘောကျတယ်။ကြွယ် ဦးသျှံစက်ဘီးနောက်ကလိုက်တဲ့အချိန်တွေကိုလည်းသဘောကျသည်။အစတုန်းကလောက်တော့နှစ်ယောက်သားစိမ်းသက်မနေတော့ပါ..။

"အိမ်တန်းပြန်မှာလား ??"

ညနေကျူရှင်းဆင်းတိုင်းမုန့်ဆိုင်ဝင်နေကြဖြစ်တဲ့ ကြွယ်ကြောင့်ဦးသျှံမေးလိုက်ခြင်း...။

"မုန့်ဝယ်အုန်းမယ်လေ"

"အင်း"

မုန့်ဆိုင်မှမုန့်ဝယ်ပြီးထွက်အလာ..

"ထက်ဦးသျှံ !!"

ဆိုတဲ့ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်..။လာပြန်ပြီနောက်ထပ်တစ်ယောက် ၊ ဟိုတစ်ခါခြံထဲမှာတုန်းကတစ်ယောက် ခုကတစ်ယောက် ၊ဒီကောင်ကိုအေးမယ်ထင်တာ အုံပုန်းယွတော့။ သျှံကိုကြည့်တော့အံ့ဩနေဟန်ရှိတဲ့ရုပ်‌နဲ့...။

"နင်.. နင်ထက်ဦးသျှံမလား"

*သိလို့ခေါ်တာမဟုတ်ဘူးလား၊ ခေါ်တုန်းကခေါ်ပြီး ထက်ဦးသျှံမလားတဲ့ ကျစ်! တကယ်စိတ်ပျက်ဖို့ကောင်းတယ်*

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now