part 8

1.5K 138 2
                                    

[Unicode]

မာလာကာပင်ပေါ်ကပြုတ်ကျပြီးဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့်အလင်း ဟိုလောရှည်ကောင်ကိုရှောင်နေတာ တစ်ပတ်ပင်ရှိသွားပြီ ၊ ယောင်္ကျားလေးအချင်းချင်းဆိုပေမယ့် အလင်းစိတ်ထဲဘယ်လိုကြီးဖြစ်သွားမှန်းမသိဘူး အမည်ဖော်လို့မရတဲ့ခံစားချက်ကြီး ၊ အဲ့ပုံရိပ်တွေကအလင်းအတွေးထဲပေါ်လာလိုက် ၊ မျက်လုံးထဲပေါ်လာလိုက်နဲ့တော်တော်နဲ့ထုတ်မရဘူး၊ ဟိုလောရှည်ကောင်ကတော့ဘယ်လိုနေလဲမသိဘူး အလင်းမှာသာနေမရထိုင်မရတွေဖြစ်နေတာ....။

ဦးသျှံကိုပတ်ရှောင်နေတဲ့ကြက်မောက်သီးကောင်၊တစ်အိမ်တည်းတစ်ခြံထဲနေပြီးပတ်ရှောင်နေတာ မတွေ့ရတော့မယ့်လူတွေကြနေတာဘဲ...အဟင်း။

"အဲ.."

အသံကြားလို့လှည့်ကြည့်တော့ကြက်မောက်သီးကောင် ဘယ်လဲဟုသည်သဘောဖြင့်မေးစပ်ပြလိုက်သည်..။

"ဘညွှန့်ကော?"

"မြို့ထဲသွားတယ်"

"ဪ..."

************************************

ညနေ ၄နာရီ....

အလင်းရေချိူးပြီးခြံထဲဆင်းလာတော့..

"အကိုလေး ၊ အပြင်သွားချင် ဦးသျှံလိုက်ပို့ခိုင်းနော် အားမနာနဲ့"

"ဟုတ်ကဲ့ ရတယ်"

ပြောနေတုန်းရှိသေးတယ် စက်ဘီးလေးတွန်းပြီးထွက်လာတဲ့လောရှည်ကောင်..

"ဘညွှန် ကျွန်တော် ဒီနားခဏသွားလိုက်အုန်းမယ်!!"

"အေးအေး!! ၊ ဪ အကိုလေးကိုပါခေါ်သွားပါလား??"

"ဟင် !!"

"ဦးသျှံကတခါတလေ ညနေဘက်တွေဆိုစက်ဘီးထွက်စီးနေကျလေ ၊ အကိုလေး ပျင်းရင်လိုက်စီးပါလား??"

ဪဒါကြောင့် တခါတလေညနေဘက်တွေစက်ဘီးနဲ့ထွက်ထွက်သွားတာ လမ်းသလားတာကို...။

"လိုက်မှာလား!!"

"ဟင်!! အင်းအင်း"

အလင်းလောရှည်ကောင်တင်စီးသောစက်ဘီးနောက်ကသာလိုက်ခဲ့တော့သည်။အလင်းတို့စက်ဘီးလေးက ဆိုင်ကယ်တွေကားတွေနဲ့အပြိုင်တရွေ့ရွေ့စီးနင်းလာခဲ့သည်။ လမ်းချိူးတစ်ခုကိုကွေ့ဝင်ပြီး မြေနီလမ်းလေးနဲ့လမ်းကြားလေးအတိုင်းနင်းသွားတော့...၊အလင်းမျက်နှာကိုလာတိုက်ခိုက်တဲ့သဘာဝလေနုနုလေး..၊ဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်မိတော့ လူနေအိမ်တစ်အိမ်မှမရှိ။ဒီဘက်တွေလူမနေဘူးထင်တယ်..။အဲ့ဒါကိုဒီလောရှည်ကောင်က ဒီဘက်ကိုဘာကိစ္စလာတာလဲ???....။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now