part 5

2K 159 0
                                    

Unicode

ဦးသျှံ ကြက်မောင်သီးလူသားပစ္စည်းတွေအိမ်ထဲထည့်ခဲ့ပြီး ခြံထဲမှာပန်းပင်တွေရေလောင်းနေလိုက်သည်။ သူဘညွှန့်နဲ့ဒီခြံမှာလိုက်နေခြင်းဖြစ်သည်။ဘညွန့်အကိုဦးသျှံဖေဖေရယ်ဦးသျှံအမေနှင့် ဦးသျှံအကို 'ထက်ကောင်းကင်'တို့ကရွာမှာကျန်ခဲ့သည်။ ဦးသျှံတို့မိသားစုလေးက တခြားလူတွေထက်စာရင် စားနိုင်သောက်နိုင်တဲ့အနေအထားမှာရှိပါတယ် ။ ကျောင်းတက်ရတာအသွားအလာခက်တာမို့ ဖေဖေ‌နဲ့မေမေတို့ကစိတ်မချကြ၊ဘညွှန့်ကရွာခဏအလည်ပြန်လာရင်း သူခြံစောင့်လုပ်ပေးတဲ့အိမ်ကကျောင်းနဲ့နီးတယ်ဟုပြောသဖြင့် ဖေဖေနဲ့မေမေကဘညွှန်နဲ့အတူ ဦးသျှံကိုထည့်လိုက်ခြင်းဖြစ်သည်။ ဘညွှန့်ကိုယ်တိုငါကလည်းခြံပိုင်ရှင်ကိုဖုန်းဖြင့်အကျိူးအကြောင်းလှမ်းပြောပြတော့ ခြံပိုင်ရှင်ကခွင်ပြုသည်ဟုဆိုသည်၊ ဘညွှန့်နေတဲ့နေရာကကျောင်းတက်ဖို့အဆင်‌ပြေတာမို့  ဦးသျှံ ဘညွှန့်နဲ့အတူလိုက်နေဖို့ဆုံးဖြတ်လိုက်ခြင်းသာဖြစ်သည်။

"ဦးသျှံ ဒါပြီးရင်ရေချိူးတော့လေ"

"ဟုတ်ကဲ့ ဘဘညွှန် ၊ ကျွန်တော်ဒါပြီးရင်ချိူးလိုက်မယ် "

"အေးပါ အေးပါ ၊ အကိုလေးကိုဦးသျှံကပဲသည်းခံပေးပါအုန်း ၊အကိုလေးက ဆိုးတယ် ၊  အကိုလေးငယ်ငယ်လေးကတည်းက အကိုလေးအမေနဲ့အဖေနဲ့ကကားမတော်တဆမှုနဲ့ဆုံးခဲ့ရတာလေ၊ အဲ့အချိန်ကနေခုအချိန်ထိ အကိုလေးကသူ့အဖွားလက်ထဲမှာပဲကြီးပြင်းလာခဲ့ရတာ၊ အကိုလေးအဖွားက လိုလေသေးမရှိအောင် ထားပေမယ့် ဂရုစိုက်မှုတွေ မေတ္တာတွေကိုရသင့်သလောက်တော့မရဘူးပေါ့..၊ ကဲ ကဲ ငါ့တူကြီးလည်း ဒါပြီးရေချိူးတော့ "

"ဟုတ်ကဲ့ ဘညွှန့်"

"အေး အေး"

ဦးသျှံနဲ့အကိုလေးအဆင်ပြေဖို့ပဲမျှော်လင့်တယ် ၊အကိုလေးကဆိုးချင်တယ်၊ ဂျစ်တယ် ၊ သူ့တူကအနေအေးတယ် ၊ ဒီနှစ်ယောက်အဆင်ပြေလောက်မှာပါ ...။

ဘညွှန့်ကပြောသွားတယ် အကိုလေးကဆိုးတယ် သည်းခံ‌ပေးပါတဲ့ ‌သိပါတယ်ဆိုးမှန်းပုံစံကြည့်ကတည်းကဒါပေမဲ့ သနားဖို့တော့ကောင်းသား ၊ ထက်ဦးသျှံမာနကိုမထိမချင်းတော့ ထက်ဦးသျှံသည်းခံပါမည်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now