part 25

1.1K 93 32
                                    

Unicode

"လင်းသစ် နေမကောင်းတာသက်သာသွားပလား?"

ကျောင်းတက်ရ၍အခန်းထဲစရောက်ရောက်ချင်း ချစ်စုမရဲ့အမေးအား..ဦးသျှံက

"နင့်ကြောင့်လေ! ၊င့ါ'ကြွယ်'လေးနေမကောင်းတာ"

အလင်းဖြေမယ်ကြံတုန်း ထွက်ပေါ်လာတဲ့သျှံအသံကြောင့်အလင်းပြုံးလိုက်မိပါသည်။ချစ်စုကိုရန်တွေ့နေတာ မိန်းမကြီးကျလို့ ခွီးး..။

"အမယ်! မသိရင်ငါကဘဲဓားထောက်ကျွေးသလိုလို၊နင်လင်ဘာသာနင့်လင်ပါးစပ်ပေါက်နဲ့စားတာလေ ၊စိတ်ပူနေတဲ့စိတ်တောင်ကြက်ပျောက်ငှက်ပျောက်'ပျောက်သွားတယ်"

"နောက်တစ်ခါ အစပ်တွေစားဖို့ခေါ်ရင် နင်သေမယ်မှတ်!"

"ဟိတ်ကောင်! အဲ့လိုတော့မပြောနဲ့"

တစ်ချိန်လုံးငြိမ်နေတဲ့ခန့်တည်ရှိမှအသံထွက်လာချင်း..။

"ဘာဖြစ်လဲပြောတော့!"

"မပြောနဲ့ငါမကြိုက်ဘူး!"

"မင်းနဲ့ဘာဆိုင်လိုလဲ! ငါကချစ်စုပြောတာလေ"

"သူထိလို့နာတာကွာ!!"

အလင်းနဲ့ဦးသျှံနားမလည်သလိုခန့်တည်ကိုကြည့်တော့ခန့်တည်မျက်နှာလွှဲပစ်သည်။ဘာတွေလဲချစ်စုမနဲ့ခန့်တည်နဲ့က..ချစ်စုမကိုနင်တို့ကဘာတွေလဲသဘောဖြင့် မေးဆပ်မေးတော့...

"အဟမ်း ငါ...ငါ့နေရာငါသွားပြီ"

သူတို့လည်းတစ်ခုခုတော့တစ်ခုခုဘဲ...ဘာတစ်ခုခုမှန်းသာမသိတာ..။

**********************************

ကျောင်းဆင်းချိန်အိမ်ပြန်ရောက်တော့ဒေါ်လေးမြတ်လေးက..

"သားအလင်း မှူးလေးဖုန်းဆက်တယ်"

"ဟုတ်လား၊ မဆက်စဖူးဆက်လို့ပါလား"

"သားပြန်ဆက်ချင်ဆက်လိုက်လေ"

"ဟုတ်"

-ဟယ်လို

"မင်းငါ့ကိုဖုန်းဆက်တယ်ဆိုလို့"

-လွမ်းလို့လေကွာ

"ရွံ့စရာ"

-ငါကိုများ ရွံ့စရာတဲ၊ဘာရယ်မဟုတ်ဘူးသတိရလို့ဆက်လိုက်တာ အဆင်ပြေလား

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now