part 16

1.1K 113 8
                                    

Unicode

⏰ "တီ တီ တီ !!!!"

ဗုန်း!!

"ကျစ် အိပ်ရေးမဝပါဘူးဆို!!"

ညကကိုယ့်ဘာသာကိုသျှံအကြောင်းတွေးပြီးတစ်ယောက်တည်းခေါင်းငြိမ့်ခေါင်းခါနေရတာနဲ့ နောက်ကျမှအိပ်ပျော်သွားတယ်၊ခုလည်းအိပ်ရေးမဝသေးပါဘူးဆို ဘေးကနိုးစက်စုတ်ကအလိုက်မသိထမြည်နေတယ်...။ငါကကိုရှည်တာပါကျောင်းက၉‌နာရီလောက်မှတက်ရမှာကိုလျှာရှည်ပြီး၆:၀၀နာရီကိုalarmပေးထားမိတာ...။

"ဒေါက် ဒေါက် ဒေါက် !!"

*ကျစ် လာပြန်ပြီ ၊ကောင်းကောင်းကိုမအိပ်ရဘူး*

ကျွီ!

"ကြွယ်!! ကြွယ်!! ထတော့လေ ၊ ကျောင်းသွားရဦးမယ်"

"ကြွယ်!! ကြွယ်!!"

"ကျစ် ဘာလဲကွာ!!!"

"ထတော့လေ ကျောင်းနောက်ကျနေလိမ့်မယ်"

"မထဘူးကွာ!! အိပ်ရေးမဝသေးပါဘူးဆို"

"ထ ထ!! ၊ လူဆိုတာအိပ်ရာစောစောထရတယ် ၊ကိုယ့်ရဲ့ကိုယ်စောင့်နတ်က နတ်သဘင်အစည်းအဝေးကိုမနက်အစောကြီးသွားရတယ်လေ ကိုယ်ကအိပ်ရာထနောက်ကျနေရင် သူလည်းနတ်သဘင်အစည်းအဝေးတက်ရမှာနောက်ကျကော ၊အဲ့ကျ ကိုယ့်ကိုယ်စောင့်နတ်ကိုကျိန်ဆဲကြတယ်တဲ့ ၊ ‌ထနော် "

"ဟာ မင်းတော်တော်စကားများပါလား!! ၊ ငါ့ကိုယ်စောင့်နတ်ကနတ်သဘင်အစည်းအဝေးသွားနေချိန်ငါတစ်ခုခုဖြစ်နေဘယ်လိုလုပ်မလဲ ၊ငါအိပ်ကျန်ခဲ့တော့ သူလည်းစိတ်ချရတာပေါ့ "

ငင့် ဦးသျှံမှာ‌ပြန်ပြောစရာစကားပျောက်ရှပါသွားတယ် ၊ဘယ်လိုတောင်အတွေးအခေါ်ကြီးလဲ၊ဦးသျှံမှာရယ်ရအခက်ငိုရအခက် ကုတင်ပေါ်မှာစူပုတ်ပုတ်လေးထိုင်ပြီးဦးသျှံကိုပြန်ပြောနေတာ ဆံပင်တွေကလည်းဖရိုဖရဲနဲ့ အဟက်!!၊ မိန်းးကလေးတွေအိပ်ရာထတဲ့အချိန်ကအလှဆုံးချိန်ဆိုလား မိန်းကလေးတွေအိပ်ရာထချိန်လှလားမလှလားတော့ဦသျှံမသိဘူး ခုသူ့ရှေ့က အိပ်ချင်နေတဲ့စုတ်ဖွားလေးကတော့ တော်တော်ကိုချစ်ဖို့ကောင်းနေပြီ။

" ထ‌နော် လိမ်မာတယ် ၊ ငါအောက်မှာထမင်းကြော်ပေးထားမယ်"

"အင်း"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now