part 14

1.2K 123 6
                                    

Unicode

(စာစစ်မထား)

ဘာလိုလိုနဲ့သုံးလကြာခွဲခွာခဲ့ရတဲ့ကျောင်းတော်ကြီးအရိပ်မှာပြန်ခိုလှုံရသည့်အချိန်ကိုရောက်ရှိလာခဲ့၏။ အဖြူအစိမ်းဝတ်စုံလေးတွေဝတ်ကာ တက်တက်ကြွကြွနဲ့ ကျောင်းသား/သူလေးတွေ ဟိုတစ်စုဒီတစ်စုရှုက်ယှက်ခက်နေကြ၏။ကျောင်းရှေ့တွင်လည်းကျောင်းလာပို့တဲ့မိဘများနဲ့ စည်းကားလျှက်ရှ်ိသည်။ ထို့အပြင်ကျောင်းကြီးကိုမျက်နှာမှုကာကျောင်းရှေ့မှာ ယှဉ်တွဲကာရပ်နေတဲ့‌ကျောပြင်နှစ်ခု....

"ငါတို့နေရမယ့်အဆောင်ကဘယ်အဆောင်လဲ"

"နဝဒေးဆောင် ထင်တယ် ၊ အဲ့တာဆယ်တန်းအဆောင်လေ အဲ့အဆောင်မှာဘဲနေမှာပေါ့"

"အင်း"

"သွားမယ်လေ"

ဦးသျှံရှေ့ကို‌ခြေလှမ်းငါးလှမ်းလောက်လှမ်းပြီးသည်အထိနောက်ကကပ်ပါမလာတဲ့လူကြောငလောက်လှမ်းပြီးသည်အထိနောက်ကကပ်ပါမလာတဲ့လူကြောင့်....

"ဘာလို့လဲ လာလေ!! ၊ ကြောက်လို့လား ?"

" အဟွန်း ကြောက်ဆရာဘာရှိလို့လဲ"

"မရှိဘူးလေ "

"အင်း"

"အာ့ဆိုလာလေ"

ကျောင်းအသစ်မို့လို့ကျောင်းထဲမဝင်သေးပဲ‌ကျောင်းရှေ့မှာရပ်ပြီးအကဲခက်နေပါတယ် လူကိုမှုကြိုကလေးထင်နေလားမသိဘူး ကျောင်းထဲဝင်ရမှာကြောက်လို့လားလာမေးနေတယ် ဘယ်လိုဟာလေးမှန်းလဲမသိဘူး အဟွန်း..။

"အင်း"

သျှံကကျောင်းကိုတစ်ပတ်ပတ်ပြပြီး၊အလင်းတို့နေရမယ်အခန်းဆီလျှောက်လာခဲ့လိုက်သည်။အခန်းထဲရောက်တော့ခုံမှာအခန့်သားထိုင်နေတဲ့ စပ်စုမနဲ့ခန့်တည်...

"ဝါးး လင်းသစ် နင်အဖြူအစိမ်းလေးနဲ့‌ချောလိုက်တာဟယ် ဟိဟိ"

ချစ်စုပြောမှဦးသျှံ 'ကြွယ့်'ကိုကြည့်မိတယ် မနက်ကလည်းကျောင်းစတက်ရမယ့်ရက်မို့လော‌'လောနဲ့ထွက်လာလိုကါတာ'ကြွယ်'ကိုသတိထားပြီးမကြည့်မိဘူး ၊ခုနကကျောင်းထဲကိုလိုက်ပြတုန်းကလည်းကျောင်းထဲကကောင်မလေးတွေဦးသျှံတို့ကိုသိသလိုကောမသိသလိုကောဝိုင်းကြည့်နေတုန်းကလည်းဦးသျှံသိပ်သတိမထားမိဘူး ကြွယ်ကိုဘယ်နေရာကဘာဆိုတာလိုက်ပြနေရတာနဲ့ ၊ခုမှသေချာကြည့်မိတယ် ဟုတ်ပါတယ် နဂိုကတည်းက အသားဖြူတဲ့လူမို့ ခုလိုအဖြူအစိမ်းလေးဝတ်လိုက်တော့ လူကသန့်ပြီးပိုကြည့်ကောင်းလာသလိုပဲ ၊ကျောင်းစိမ်းအဖြူလက်ရှည်လေးကထောက်ပြောင်မှုကမျက်နှာမှာထင်ဟပ်နေသယောင် ဒါအပြင် မျက်မှန်လေးပါတပ်ထားတာမို့ပိုပြီးဆွဲဆောင်မှုရှိနေသ‌လိုပဲ၊ပုဆိုးအစိမ်းလေးကခြေမျက်စိနားထိဝတ်ဆင်ထားတာမို့ ခြေချောင်းသွယ်သွယ်လေးတွေကအတိုင်းသားမြင်ရသည်။ခြေထောက်မှာစီးထားတဲ့ကတ္တိပါဖိနပ်ကလေးက ခြေချောင်းဖြူဖြူလေးတွေရဲ့အလှကိုပိုပြီးပို့ဆောင်ပေးနေသယောင်၊ အခါတိုင်လိုဂျစ်ကန်ကန်ရုပ်မပေါက်ပဲ လူကြီးပုံလေးနဲ့မို့ ဦးသျှံမျက်လုံးထဲတစ်မျိူးလေးကြည့်ကောင်းနေပါသည်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now