part 6

1.8K 158 6
                                    

Unicode

"အင်းးးး"

အိပ်ရာထထခြင်း နာရီကြည့်တော့ 8:00 🕗....။မျက်နှာသစ်၊သွားတိုက်၊ရေချိူး၊အင်္ကျီအဝတ်စားလဲပြီးအောက်ဆင်းတော့ ထမင်းစားခန်းထဲမှာလှုပ်လှုပ်နဲ့ ဘာတွေလုပ်နေမှန်းမသိတဲ့ လောရှည်ကောင်....။

‌"အော် မင်းနိုးပြီလား?"

"အင်း ၊ ဘာလုပ်နေတာလဲ?"

"မင်းအတွက်မနက်စာပြင်ပေးနေတာလေ၊စားချင်စားလို့ရပြီ "

"အင်း ၊ ဒါဘာလဲ"

အလင်းမျက်စိရှေ့က ခေါက်ဆွဲသုတ် ကိုကြည့်မေးလိုက်ခြင်း၊ တခြားခေါက်ဆွဲသုတ်တွေလိုမဟုတ်တာကြောင့်မေးလိုက်ခြင်း...။

"အဲ့ဒါ ခေါက်ဆွဲအချိူသုတ် "

"ဟမ် ခေါက်ဆွဲတောင် အချိူသုတ်၊ အချည်သုတ်ရှိသေးတယ်လား"

"အင်း‌လေ ၊ ခေါက်ဆွဲကို ဆီချက်အနှစ်ရယ်၊ပဲမှုန့်ရယ်၊အချိူမှုန့်လေးရယ်၊မုန့်ကြွပ်လေးရယ်၊တမယ်ရေလေးဆမ်း ကြက်သားလေးညှပ်ထည့် ၊ ရတာလေ ဘာခက်တာမို့လဲ"

ဝိုးးး ဒီကောင်ကအမျိူးမျိူးချက်တက်ပြုတ်တက်တာပါလား ၊ စားလို့ကောင်းလိုက်တာ....။

"မင်းဟာ အချိူသုတ်မို့လို့သာပဲ စပ်လိုက်တာ "

"အင်း ဆီချက်အနှစ်နဲ့သုတ်တာမို့ နည်းနည်းပါးပါးစပ်တာပေါ့ အရမ်းကြီးမစပ်ပါဘူးကွာ"

ဦးသျှံကိုစပ်တယ်သာပြောနေတာ စားလိုက်တာ ၊နှာဖူးစပ်မှာချွေးတွေစို့ပြီးနှုတ်ခမ်းလေးကစူထွက်လို့ အဟက်၊ ကြက်မောင်သီးလေးကအစပ်မစားနိုင်လောက်ဘူးထင်တယ် ...။

"မင်း အစပ်မစားနိုင်ရင်ဘူးလား ၊ ငါအပေါ်ဆီနဲ့သုတ်ပေးရမလား"

"ရတယ် ရတယ် ၊ စားရတာအဆင်ပြေတယ်"

တကယ်တော့အလင်းနည်းနည်း‌လေး စပ်ရင်‌တောင်မစားနိုင်ပါ၊ဒါပေမဲ့ဒီလောရှည်ကောင်သုတ်ကျွေးတဲ့ခေါက်ဆွဲသုတ်ကတယ်စားကောင်းတယ်...။ အလင်း ၇တန်းလောက်တုန်းက အစပ်တွေအရမ်းစားပြီး မူးလဲလို့ဆေးရုံပါတင်လိုက်ရသည့်အဖြစ်လေ..။ဒါပေမဲ့ ဒီလောရှည်ကောင်သုတ်ကျွေးတဲ့ခေါက်ဆွဲသုတ်ကကောင်းလို့ အလင်း နှစ်ပွဲတောင်စားလိုက်တယ်... ။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now