part 3

2.6K 166 5
                                    

[Unicode]

ဟိုကောင်နဲ့လျှောက်လည်ပတ်သွားတာအိမ်ကိုညရှစ်နာရီမှပြန်ရောက်တယ် ၊ အိမ်ထဲဝင်တော့ အိမ်အောက်ထပ်မှာဘယ်သူမှမတွေ့တာမို့ အပေါ်ထပ်တက်ပြီး ကိုယ့်အခန်းထဲကိုယ်ဝင်ရေမိုးချိူးအိပ်ဖို့သာပြင်တော့ချိန်....

"ဒေါက်! ဒေါက်!  မြေး ဖွားဝင်ခဲ့မယ်နော်"

"ဟုတ်ကဲ့ ဖွား ဝင်ခဲ့"

သူမဝင်သွားတော့ အလင်းကအိမ်ဖို့တောက်လုပ်နေပြီ၊

"မြေး အိပ်တော့မလို့လား"

"ဟုတ် မအိပ်သေးပါဘူး ၊ဖွားပြောစရာရှိလို့လား ပြောလေ"

အင်းး သူမအပြင်ကပြန်လာတော့ မြတ်လေးကသားအလင်း စစ်လေးနဲ့အတူ အပြင်ထွက်မုန့်ထွက်စားတယ်ဆိုတာပြောပြလိုက်ရချင်း။ခုနောက်ပိုင်းအပြင်ထွက်ရင်ပြောထွက်သွားလို့တော်သေးအခါတိုင်းလစ်ခနဲလစ်ခနဲထွက်ထွက်သွားတာ စိတ်ပူရတာက သူမ...။

"အော် မြေး နွေရာသီကျောင်းပိတ်ရက်ကို အဖွားပိုင်တဲ့ "သုခကြွယ်"အဲ့အပန်း‌ဖြေအိမ်မှာသွားနေပါလား ၊မြေးလေးလည်းလွတ်လွတ်လပ်လပ်နေရတာပေါ့ "

"ဖွားက ကျွန်တော့်ကိုသွားစေချင်လို့လား "

စချွဲပါပြီ မောင်လင်းသစ်ကြွယ်တို့ တစ်ခါတလေဂျစ်ကန်ကန်နဲ့ဆိုးတက်ပြီး၊တခါတလေချစ်ဖို့ကောင်းအောင်ကလေးဆန်ပြီးချွဲတက်ပါလေရယ်..။

"သားကမသွားချင်ရင် အဖွားကအတင်းမသွားခိုင်းပါဘူး ၊ ဖွားက ဖွားမြေးလေးသွားချင်မလားလို့မေးကြည့်တာပါ  "

"ဟုတ် ကျွန်တော်စဉ်းစားအုန်းမယ်"

"အင်း သားသွားရင်ဘာမှစိတ်ပူစရာမရှိဘူး ၊ အဲ့မြို့ကခြံမှာ ဦးညွှန်တို့တူအရီးတေရှိတယ်လေ၊အစားအသောက်ကလည်းမပူရဘူး ၊မြေးသွားနေချင်ရင် ဖွား ဦးညွှန့်ကိုဖုန်းဆက်အကြောင်းကြားပေးမယ် ၊ ကဲခုတော့ မြေးစဉ်းစားပေါ့ သွားချင်မသွားချင် ဒါဆိုအဖွားအခန်းပြန်တော့မယ် ‌၊ မြေးလည်းအိပ်တော့ စောစောအိပ်နော် ဂိမ်းတွေဆော့မနေနဲ့ "

"ဟုတ်ကဲ့ပါ ဖွားဖွား"

ဆိုပြီးဖွားဖွားအခန်းအပြင်ထွက်သွားမှဖုန်းကိုင်ဂိမ်းဆော့ဖို့ပြင်လိုက်သည်။ ပြီတော့ခုဏဖွားဖွားပြောသွားတာလည်း စဉ်းစားမိ ငါအဲ့ကိုသွားရင်ကောင်းမလား ၊မကောင်းဘူးလား ။ သွားမယ် ဟုတ်တယ် သွားမယ် ၊ဟိုကောင်'စစ်'ကလည်း ဒီမှာမရှိဘူးဆိုတော့ ငါတစ်ယောက်တည်း ဟူးးငါသွားတာပဲကောင်းပါတယ်လေ....။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now