part 21

1.1K 105 45
                                    

Unicode

သျှံစက်ဘီးစီးသင်ပေးထားလို့ခုဆိုကြွယ်စက်ဘီးစီးတက်နေပါပြီ..ဟိုဟာဝင်တိုက်ဒီဟာဝင်တိုက်ကလွှဲရင်ပေါ့...။ဒီနေ့ကျောင်းပိတ်ရက်မို့သျှံနဲ့ကန်ဘောင်သွားဖို့လုပ်ထားတယ်..။

"အဲ သားအလင်း နိုးပြီလား?"

"ဟုတ်"

"အေးအေး ၊ဒေါ်လေးမုန့်ပြင်ပေးမယ်နော်"

"မစားတော့ဘူး ဒေါ်လေမြတ် မပြင်နဲ့တော့"

ဒေါ်လေးမြတ်လေးကိုပြောပြီးအလင်းအိမ်ရှေ့ကခရေပင်အောက်ကခုံတန်းလေးမှာသျှံကိုထိုင်စောင့်နေလိုက်သည်။ခရေနံသင်းသင်းလေးကနှာခေါင်းဝကိုလာကျီဆယ်နေ‌သည်။ခရေပန်းလေးတွေကိုသဘောကျတယ် ညိုးသွားတဲ့အထိ‌မွေးနေသေးလို့လေ..။

"ကြွယ်!!စောင့်နေတာလား"

"အင်း သွားမယ်လေ"

"လာတက်"

သျှံကကြွယ်နောက်ကမလိုရဲဘူးတဲ့လေ...၊နှစ်ယောက်သားကန်ဘောင်သို့ချီတက်ခဲ့လိုက်သည်။

"သျှံ ခဏမုန့်ဝယ်ဦးမယ်"

"အင်း"

ဆိုင်ထဲဝင်သွားတဲ့ကြွယ်ကိုကြည့်ရင်းပြုံးမိပါတယ်၊ ပထမဦးဆုံးမုန့်သွားဝယ်တုန်းကခွေးလိုက်လို့ ဦးသျှံအပေါ်ဖက်တက်တာကိုမြင်ယောင်ပြီးဦးသျှံပြုံးမိ၏။

"ဘာတွေပြုံး"

"ဘာမပြုံးပါဘူး တက်!!"

ကန်ဘောင်ရောက်တော့ စက်ဘီးလေးရပ်ပြီးနှစ်ယောက်သားအရိပ်ရတဲ့နေရာလေးမှာထိုင်နေမိသည်။ မနက်ခင်းပိုင်းလေးဖြစ်တာမို့လမ်းလျှောက်တက်လူတွေနဲ့လေ့ကျင့်ခန်းလုပ်သူတွေ ဟိုတစ်စုဒီတစ်စု ‌ရှိကြပါသည်။

"ဟူးး လေလေးကအေးနေတာဘဲ"

"သဘောကျလား"

"ကျတာပေါ့"

"ရော့ မုန့်စား"

"အင်း"

ဦးသျှံမုန့်စားနေရင်းဆေးလိပ်ငွေ့ရလို့ဘေးလှည့်‌ကြည့်တော့ တရားခံကကြွယ်၊ ကြွယ်ဆေးလိပ်တွေသောက်လို့...။

"ဆေးလိပ်တွေဘာလို့သောက်နေတာလဲ"

"သောက်ချင်လို့လေ"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now