part 10

1.4K 128 4
                                    

Unicode

ထမင်းစား‌သောက်ပြီးအလင်း TVခဏတဖြုတ်ထိုင်ကြည့်နေလိုက်သည်။ သျှံကိုတော့အလင်းထမင်းဆင်းစားကတည်းကမတွေ့ပါ။ဒီကောင်ဘယ်သွားတာလဲမသိဘူး။ ခဏကြာတော့TVကြည့်ချင်စိတ်မရှိတော့တာမို့အလင်းအပေါ်ထပ်ကအလင်းအခန်းထဲသာပြန်လာခဲ့လိုက်သည်။အခန်းထဲရောက်တော့နာရီကြည့်တော့ '၉:၀၀'နာရီ မအိပ်ချင်သေးတာမို့ ဂိမ်းထိုင်ဆော့နေလိုက်သည် ။ အလင်းစရောက်ကတည်းက ဒီအရှေ့အိမ်မှာတစ်ယောက်တည်းနေရပေမယ့် တခါတလေ သျှံ ကထမင်းစားခန်းဘေးကအခန်းလေးမှာလာအိပ်ပေးတက်သည်။ အလင်း တစ်ယောက်တည်းရှိချိန်ဆိုမီးတွေအကုန်ဖွင့်ထားတက်သည်။အလင်းအမှောင်ထဲမှာမနေရဲဘူး ၊အမှောင်ကြောက်တက်တယ်။မျက်စိလည်းနည်းနည်းညောင်းပြီးမို့ အိမ်ဖို့သာပြင်လိုက်သည်။
အလင်းအိမ်သာသွားဖို့အထ.....။

ဖျတ်*

"အမေ့!!! "

ဟမ် မီးပျက်သွားပြီ !!

"ဘယ်...ဘယ်သူရှိလဲ?? အောက်ထပ်မှာဘယ်သူရှိလဲလို့ !!!"

‌လူကငိုချင်လာပြီ၊ဘယ်သူမှမရှိဘူးလားမသိဘူး၊ဟိုကောင်ကဘယ်သွားလဲမသိဘူး အဟင့်

"ကြွယ်!!"

"သျှံလား??!!! ၊ သျှံ မင်းဘယ်မှာလဲ??"

"မကြောက်နဲ့ငါရှိတယ်နော် "

ဆိုပြီးအလင်းလက်ကိုဆုပ်ကိုင်ထားတဲ့သျှံ ၊ သူ့စကားကြောင့်အလင်းကြောက်စိတ်တဝက်သက်သာသွားသလိုခံစားရတယ် ၊ နောက်'လုံခြုံသွားသလိုခံစားရတယ်..။

"မငိုနဲ့နော် ငါရှိတယ် "

ဖျတ်*(မီးပြန်လာပြီ)

"ဘာကိုခုမှငါရှိတယ်လဲ တစ်ညနေလုံးဘယ်သွားနေမှန်းမသိဘဲခုမှငါရှိတယ်လာပြောနေတယ်!! အင့် ၊ သွား ထွက်သွား !!"

ဦးသျှံကိုအော်လွတ်နေတဲ့လူကြောင့်ဦသျှံနားမလည်တော့ပါ၊ သူကြောက်နေမယ်ထင်လို့လည်း ဦးသျှံမှာနောက်ဖေးကနေသူ့ဆီအပြေးလာရတာဖိနပ်တောင်မပါ'ပါ ၊ ခုအော်လွှတ်တယ် ၊တစ်ညနေလုံးပျောက်နေပြီးတော့တဲ့ ၊ သူစားဖို့အကုန်ပြင်ဆင်ပြီးမှ ဘညွှန်ကအ‌နောက်ဘက်ခြံအတွက်အပင်မျိူးစေ့တွေသွားဝယ်ခိုင်းလို့ ဦးသျှံသွားဝယ်နေတာပါ ၊မျိူးစေ့ပို့တဲ့ကားကမရောက်သေးလို့ ဦးသျှံထိုင်စောင့်နေရလို့ အချိန်ကြာသွားချင်းပါ၊ ဦးသျှံလျှောက်ပတ်သွားနေတာလဲမဟုတ်ရပါဘူး ၊ ဒါကို ဒေါဒ'တကြီးဦးသျှံကိုလာအော်နေတယ်။အရင်စိတ်နဲ့ဆိုဦးသျှံပြန်အော်'ပြောမိမှာအသေချာ ခုကဦသျှံရှေ့ကလူသားလေးကကြောက်ပြီးငိုထားတာမို့ ဦးသျှံဘာမှမပြောဘဲသူ့စိတ်တိုင်းကျအပြင်သာထွက်ရန်တွေးလိုက်မိသည်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now