part 17

1.1K 121 4
                                    

Unicode

"ဟော အလင်းလေးတို့တောင်ကျောင်းကပြန်လာပြီ ၊ သားဖွားဖွားဖုန်းဆက်တယ်သား ဒေါ်လေးကသားကျောင်းမပြန်သေးဘူးလို့ပြောထားတယ် "

"ဟုတ်ကဲ့ဒေါ်လေးမြတ်လေး ကျွန်တော်ညနေမှဘဲပြန်ဆက်လိုက်တော့မယ်"

☎️"ကလင် ကလင် ကလင်"

"အဲ သားဖွားဖွားဆက်တာထင်တယ်"

"ဟယ်လို"

-မြေးကျောင်းဆင်းပြီလား?၊ဖွားခုနကဆက်တော့မြေးတော့ကျောင်းမဆင်းသေးဘူးလို့ မြတ်လေးကပြောလို့

"ဟုတ် ဖွားဖွား ၊ကျွန်တော်ခုဘဲ‌ပြန်ရောက်တာ"

-မြေး ကျောင်းတက်ရတာအဆင်ပြေတယ်မလား

"ဟုတ်ပြေတယ် ဖွား"

-အေးအေးမြေး ၊လိုတာရှိဖွားကိုပြောနော် ၊ တစ်ခုခုဆိုလည်း မြတ်လေးကိုပြော

"ဟုတ် ဖွား"

-မြေးလည်းခုမှကျောင်းကပြန်ရောက်တာဆိုတော့နားတော့လေ ဖွားဖုန်းချလိုက်တော့မယ်

တီ!

"သားထမင်းစားမလား ဒေါ်လေးပြင်ပေးမယ်လေ"

"ကျွန်တော် စားချင်စိတ်မရှိဘူး ဒေါ်လေး ၊ မပြင်နဲ့တော့"

"အေးအေး သား"

တကယ်လည်းထမင်းစားချင်စိတ်မရှိပါ၊မနက်ကကိစ္စကိုပြန်တွေးတိုင်းစိတ်ထဲမှာဘာကိုအလိုမကျလို့မကျမှန်းမသိဘူး ၊သူဘာသာသူဘယ်သူနဲ့တွဲသွားသွား တွဲလာလာတကယ်ဆိုကိုယ်နဲ့ဘာမှမဆိုင်ပါ၊ဦးနှောက်ကမဆိုင်ဘူးလို့ပြောနေပေမဲ့ စိတ်ထဲမှာဘာကိုမကျေနပ်လို့မကျေနပ်မှန်းမသိပါ၊သျှံကိုမြင်ရင်ပျော်တယ် သူဂရုစိုက်မှုတွေ အလိုလိုက်မှုတွေရရင်‌ကျေနပ်နေကော သူနဲ့အနီးကပ်ရှိချိန်ဆိုရင်ခုန်သံတွေမြန်လာတယ် ဒါတွေအားလုံးကို‌ခြုံကြည့်ရင် ငါသျှံကို.... ၊ကျစ် ဆက်တွေးရင်‌စိတ်ရှုပ်ဖို့ကောင်းတယ် ၊ ကိုယ်ဘက်ကသူ့ကို ကိုယ်ထင်သလိုဖြစ်နေတယ်ဘဲထား သူ့ဘက်ကကော....။ပြီးတော့ သူ့မှာသူချစ်ရတဲ့ရတီဆိုတဲ့မိန်းကလေးလည်းရှိတယ်မလား.၊ရှေ့ဆက်တိုးရမလား နောက်ဆုတ်ရမလားမသိတော့ဘူး ၊ သူကငါ့အတွက်တော့ အရာရာပဲ...ဒါဆိုငါကသူ့အတွက်‌ဘာလဲ.....???၊ အရင်ဆုံးကိုယ့်စိတ်ကိုသေချာစမ်းစစ်သင့်တယ်မလား ...တကယ်ချစ်စစ်ချစ်မှန်နဲ့ချစ်ခဲ့ရင်တော့ ထက်ဦးသျှံဆိုတဲ့လူသားက ငါ့အတွက်ပဲဖြစ်ရမယ်..။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now