part 24

1.1K 99 15
                                    

Unicode

အချဥ်အစပ်တွေမစားနဲ့မစားနဲ့လို့ဦးသျှံကပြောရင်သွားလေးစိပြီး'သျှံကလည်း သျှံကလည်း'နဲ့ပြောတက်တဲ့ငဂျစ်ခုတော့အိမ်သာထဲကကိုမထွက်ရတော့ဘူးလေ။သူများတွေလိုသီတင်းကျွတ်လပြည့်နေ့လေးချစ်ရသူလေးနဲ့ဘုရားသွားရမလားမှတ်ပါတယ်ဦးသျှံတို့ဘဝကချစ်သူကိုအင်းအင်းလိုက်တည်ပေးနေရတယ်..ချစ်စုမကိုသာကျိန်ဆဲပစ်ချင်တော့တယ် သူ့ကြောင့်ကြွယ်ဗိုက်အောင့်ရတာ။ဆေးခန်းပြမလားဆိုတော့လည်းဆေးထိုးအပ်ကြောက်ရတာနဟဲ့ဆေးတွေအများကြီးသောက်ရမှာဆိုးကြောက်ရတာနဲ့ဆေးတွေအများကြီးသောက်ရမှာဆိုးတာမို့ မပြချင်ဘူးတဲ့လေ.။အဲ့လိုမျိူးတွေကြောက်တဲ့ရင်ဘာလို့မတည့်တာတွေစားလည်းဆိုတော့ ပါးစပ်ကစားတာသူစားတာမဟုတ်ဘူးတဲ့လေ..ခုတော့ဘယ်ကစားစားခံရတဲ့လူကသူကိုယ်တိုင်ဘဲ..။ခုလည်းစောင်ပုံထဲမှာကွေးကွေးလေး..။အဲ့လိုသူနေမကောင်းတာမြင်ရင် ကိုယ်မှာမီးသွေးခဲဖင်ခုထိုင်ထားရသလိုဘဲ..သူသက်သာအောင်ဘာလုပ်ပေးရမလဲဆိုပြီးစဉ်းစားရတာနဲ့လူကဂဏာမငြိမ်တော့ဘူး..။ဆေးမသောက်ချင်ဆေးမထိုးချင်တဲ့လူကြောင့် သကြားနဲ့ရေနွေးနဲ့သောက်ဖျော်တိုက်ဖို့လုပ်ရတော့သည်။

"ကြွယ် ထ! ၊‌ ဒါလေးသောက်လိုက်အုန်း"

"ဟင်! ဘာကြီးလဲ"

"ရေနွေးနဲ့သကြားနဲ့ ရော့! "

"ချိူချိူကြီး"

"သကြားပါဆိုကွာ ချိူတာပေါ့ ၊ ပြန်အိပ်ဦးမလို့လား"

"ဟင့်အင် အိပ်တော့ဘူး"

"အင် ခဏနေဆန်ပြုတ်သောက်မယ်နော်"

"ဆန်ပြုတ်ကြီး!"

မျက်နှာလေးရှုံ့ကာပြောတာမို့ သဘောကသူဆန်ပြုတ်မစားချင်ဘူးဆိုတဲ့သဘော..။

"အင်း ကိုယ်ပြုတ်ထားတာ"

"မင်းပြုတ်ထားရင်တော့စားမှာပေါ့"

"ဟုတ်ပါပြီဗျာ"

"နောက်တခါအချဥ်အစပ်တွေစားအုန်းမှာလား"

"မစားတော့ပါဘူးနော် ခုကအရမ်းစားကောင်းလို့စားမိတာ ၊ ပြီးတော့ ချစ်စုကိုလည်းအားနာလို့လေ သူကစားစေချင်လိုမှာထားတာ ငါကမစားရင်ဘယ်ကောင်းပါ့မလဲ"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now