part 18

1.1K 117 12
                                    

Unicode

အလင်းတောင်ရေချိူးလို့မပြီးသေးဘူး အလင်းအခန်းထဲရောက်နေတဲ့လူကြောင့်

"ဟင်!! မင်းရောက်နေပြီလား"

"အင်း အောက်ထပ်ကအခန်းမှာဘဲရေချိူးလိုက်တာလေ"

"ဪ ၊ ဟတ်ချိူး !!"

"ခေါင်းကိုရေပြောင်အောင်သုတ်လေ"

"မသုတ်ချင်ဘူး ပျင်းတယ် ထားလိုက်"

"ပေး! "

ဆိုပြီးအလင်းလက်ထဲက တဘတ်ကိုဆွဲယူသွားပြီးအလင်းဆံပင်တွေကိုသုတ်ပေးနေ၏။အလင်းကကုတင်ပေါ်မှာထိုင်နေပြီးသူကမတ်တပ်ရပ်သုတ်ပေးနေတာမို့ အလင်းကသူ့ရင်ခွင်ထဲရောက်သလိုဖြစ်နေ၏။အခွင့်သာတုန်းသူ့ကိုယ့်သင်းနံကိုတဝကြီးရူသွင်းပစ်လိုက်သည်၊ အင်း သနပ်ခါးနံလေး ၊ သျှံရှိကရတဲ့အနံလေးမို့လားမသိ အလင်းသဘောကျပါသည်။သျှံနဲ့ပတ်သက်တာမှန်သမျှအလင်းသဘောကျတယ်။အလင်းခေါင်းပေါ်မှာပြေးလွှားနေတဲ့ သျှံရဲ့လက်ချောင်းလေးတွေကိုလည်းမြတ်နိုးမိပါတယ်...။

"ရော့ ခြောက်သွားပြီ "

"အင်း ကျေးဇူး"

"နွေးထွေးထွေးဝတ်အုန်း ၊ အပြင်မှာလေတွေတိုက်နေတာ ဖျားမယ်"

"အင်းပါ မင်းကလည်းအမေကြီးကျနေတာဘဲ ပွစိပွစိနဲ့ အဟွန်း!!"

ဟင်!! ကြွယ်ရယ်လိုက်တာလား တကယ်ဘဲကြွယ်ရယ်လိုက်တာလား အပြုံးအရယ်မရှိတဲ့ကြွယ်ကရယ်လိုက်တာတဲ့လား ဟုတ်တယ်လစ်ခနဲပေါ်သွားတဲ့သွားတက်ကလေးကသက်သေဘဲမဟုတ်ဘူးလား..။ဒီလောက်ချစ်ဖို့ကောင်းတဲ့ သွားတက်ကလေးရှိတာကို အပြုံးအရယ်တွန့်တိုနေတယ်။နောက်တစ်ကြိမ်မြင်ခွင့်ရရင်မြင်ချင်ပါသေးတယ် သွားတက်လေးတွေပေါ်တဲ့အထိကြွယ်ပြုံးရယ်နေတာကို....။

" အဟမ်း! မင်းဖျားမှာစိုးလို့"

"အေးပါကွာ"

ဒေါက်! ဒေါက်!! ဒေါက် !!!

"သား အလင်းလေး ညစာစားချင်စားလို့ရပြီနော်"

"ဟုတ်ကဲ့ ဒေါ်လေး"

"ညစာဆင်းစားကြမယ်လေ"

"အင်း"

အလင်းနဲ့သျှံနှစ်ယောက်သားအောက်ထပ်သို့ဆင်းကာညစာဆင်းစားကြသည်။သျှံကတီရှပ်လက်တိုကိုမှအပေါ်ကအနွေးထည်အပါးလေးနဲ့အောက်ကပုဆိုးလေးနဲပေါ်ကအနွေးထည်အပါးလေးနဲ့အောက်ကပုဆိုးလေးနဲ့တွဲဝတ်ထားတာမို့ကလေးနဲ့အောက်ကပုဆိုးလေးနဲ့တွဲဝတ်ထားတာမို့အလင်းမျက်လုံးထဲတော့ကြည့်ကောင်းလှပါသည်။ထမင်းစားပြီး အပေါ်ထပ်ပြန်တက်ခဲ့လိုက်သည် မိုးတွေပါရွာလာတာမို့...

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now