part 20

1.2K 112 25
                                    

Unicode

ကျောင်းဆင်းချိန်ကျတော့ဆရာမခေါ်တယ်ဆိုပြီးရုံးခန်းလိုက်သွားတဲ့ကြွယ်ကြောင့်ကိုယ့်မှာဘာမဆိုင်ညာမဆိုင်စိတ်ပူရသေး..ကိုယ့်များတစ်‌နေကုန်ထိုင်ကြည့်နေလို့ ရုံးခန်းရောက်သွားတာလားပေါ့...၊သူရုံးခန်းကပြန်အလာကိုစောင့်ရင်းစက်ဘီးနားမှာတစ်ယောက်တည်းရပ်စောင့်နေမိသည်။

"အိုးး ဘယ်သူများလဲလို့ စာတော်ကြီးဘဲ"

အသံကြားရာလှည့်ကြည့်မိတော့ ခက်ထန်နဲ့သူ့အဖွဲ့..မကြားချင်ယောင်ဆောင်ပြီးအရှေ့သာလှည့်နေလိုက်သည်။

"ဘာလဲ သူဌေးသားလေးကိုကပ်ဖားနေတာလား"

"………"

"အ သွားတာလား ၊စာအကျက်လွန်ပြီး ဟားးး ဟားးး"

ဦးသျှံအင်္ကျီစကိုဆွဲကာ..

"ဟိတ်ကောင် ငါမေးနေတာဖြေလေ"

ဖြောင်း!!!

"အာ့! "

ဦးသျှံမျက်လုံးအစုံပြူးကျယ်သွားပါတယ်..ဦးသျှံအင်္ကျီကိုင်ပြီးရန်ထောင်နေတဲ့ ခက်ထန်ကို ကြွယ် နားရင်းပိတ်အုပ်ပစ်လိုက်တာ ဖြောင်း!!ခနဲဘဲ...အရိုက်ခံရတဲ့လူတော့မသိဘူး ဘေးကကြားရတဲ့လူတော့ အီစိမ့်သွားတာဘဲ...

ရုံးခန်းကပြန်လာတော့ စက်ဘီးရပ်တဲ့နေရာကြည့်တော့ ခက်ထန်ဆိုတဲ့ကောင် သျှံအင်္ကျီစကိုဆွဲပြီးဘာတွေပြောနေလဲတော့မသိဘူး..ဟိုကောင်ကလည်းဘာပြန်မလုပ်ဘူးငြိမ်နေတယ်..ကျစ်!! အမြင်ကပ်ကပ်နဲ့နောက်ကနေနားရင်းအုပ်ပစ်ပြီး ခက်ထန်နား'နားကပ်ပြီးအံကြိတ်သံနဲ့ ...

"နောက်တခါ သျှံကို ‌ပြဿနာလာမရှာနဲ့ ၊နောက်တခါဆို နားရင်အုပ်ရုံနဲ့မပြီးဘူး"

"ကြွယ်လာပြန်မယ်"

ခုမှရုံးခန်းကပြန်လာတာရုံးခန်းထပ်ရောက်နေမှာစိုးလို့မနည်းဆွဲခေါ်လာရတယ်..။နောက်မှာဘယ်လိုကျန်ခဲ့လည်းလှည့်မကြည့်အား ကြွယ်ကိုသာဆွဲခေါ်လာခဲ့လိုက်ရသည်။

"'ကြွယ်'လာ စက်ဘီးပေါ်တက်"

"အင်း"

"ရုံးခန်းကဘာလို့ခေါ်တာလဲ"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now