part 9

1.3K 128 1
                                    

[unicode]

"ကလင် ကလင် ကလင်"

အလင်းအိပ်ပေါ်ထပ်မှာနေတုန်းအောက်ထပ်ကဖုန်းမြည်သံကြောင့် အလင်းအောက်ထပ်သို့ဆင်းလာလိုက်သည်။အိမ်အောက်မှာဘယ်သူမှမရှိဘူးလားမသိဘူး ၊ ဟိုလောရှည်ကောင်ဘယ်သွားလဲ မသိဘူး ။

"ဟယ်လို "

-မြေး ၊ မြေးဖုန်းကိုခေါ်တာမကိုင်လို့ ဖွားဖြင့်စိတ်ပူသွားတာဘဲ

" ဟုတ်ဖွား သားအိပ်ပျော်သွားလို့ "

- ဟုတ်ပါပြီ ၊ ဒါနဲ့မြေးနေကောင်းလား??

"ဟုတ်ကောင်းတယ် ဖွား ၊ဖွားကော ?"

-အင်း ဖွားလည်းကောင်းပါတယ် ‌၊ မြေးလိုအပ်တာရှိ ဦးညွှန့်ကိုပြောနော် အားမနာနဲ့

"ဟုတ်ဖွား"

-ဪ ဒေါ်မြတ်လေးနောက်အပတ်လောက်နေလာလိမ့်မယ်နော် ၊ ခုကောနေရတာအဆင်ပြေလား

"ဟုတ် ရတယ်ဖွား ၊ ကျွန်တော် အဆင်ပြေတယ် 

- ဟုတ်ပါပြီ ဒါဆိုဖွားအပြင်သွားစရာလေးရှိလို့ဖုန်းချလိုက်တော့မယ်နော်

"ဟုတ်"

ဖွားနဲ့ဖုန်းပြောပြီးခြံထံဆင်းကြည့်တော့ ဟိုလောရှည်ကောငါကိုမတွေ့..။ သူ့တို့နေတဲ့နောက်ကတစ်ထပ်အိမ်လေးကိုသာသွားကြည့်ရန်အလင်းတွေးလိုက်သည်။ ထင်တဲ့အတိုင်းဘဲ အိမ်ရှေ့ကခုံလေးမှာထိုင်လို့  မြင်းခေါင်းစွပ်ကျယ်နဲ့ပုဆိုးနဲ့ဝတ်ထားပြီး  လက်ကလည်းကန်စွန်းရွက်တွေခြွေလို့ ...။အလင်းသူ့နားလျှောက်သွားတော့ဘာလဲဆိုတဲ့သဘောဖြင့်မေးဆက်ပြတဲ့လော‌ရှည်ကောင်..။

"အိမ်ရှေ့မှာဘယ်သူမှမရှိလို့"

"အင်း ငါကထမင်းချက်နေတာ ၊ ဘညွှန်ကလမ်းထဲကအိမ်တက်ကိုသွားတယ် "

"အင်း"

"ခဏနေမှ မင်းစားဖို့လာချက်ပေးမယ် "

"လင်းသစ်ကြွယ်!!"

"ဟမ်"

အလင်းစရောက်ကတည်းကနေခုအချိန်ထိအလင်းနာမည်မခေါ်တဲ့လူကြောင့်အလင်းပြောလိုက်ခြင်း..၊ အလင်းပြောတာနားမလည်ဟန် ကန်စွန်းရွက်ခြွေနေရင်းမျက်‌မှောင်ကျူံကာအလင်းကိုကြည့်လာသည်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now