part 2

3.3K 189 11
                                    

[unicode]

အချိန်တွေဟာတရွေ့ရွေ့ဖြတ်ကျော်လာခဲ့တာ ခုဆိုအတန်းတင်စာမေးပွဲနောက်ဆုံးဖြေရတဲ့နေ့တောင်ရောက်လာခဲ့ပြီလေ....။

"🔔 ကလင် ကလင် ကလင် 🔔"

အချက်ပေးခေါင်းလောင်းသံနဲ့အတူ အဖြူအစိမ်းဝတ်စုံလေးတွေနဲ့ကျောင်းသား/ကျောင်းသူတွေ ကျောင်းထဲကပျော်ရွှင်စွာထွက်လာကြပါတယ်၊သူ့တို့မျှော်လင့်နေတဲ့နွေရာသီကျောင်းပိတ်ရက်ကြီးကိုသူ့တို့လွတ်လွတ်လပ်လပ်ခံစားလို့ရပြီလေ...။

" ဟေ့ကောင် အလင်းဖြေနိုင်လား"

ဆိုတဲ့မေးခွန်းနဲ့အတူ အလင်းကိုပုခုံးပေါ်လက်တင်ပြီးပြောတဲ့ 'စစ်'...

‌" ဖြေတော့လာတာပဲလေ အောင်တာမအောင်တာက အမှတ်ပေးတဲ့အပေါ်မူတည်တယ်"

"ဟားး ဟားး ဟုတ်ပါပြီ ၊ အလင်း မင်းအိမ်ကလာကြိုမှာလား"

"အေး လာကြိုမှာ ၊ မင်းအိမ်ကကော "

"လာကြိုမှာ ၊ ဒါဆိုနောက်ရက်မှတွေ့ကြမယ်လေ ငါဖုန်းဆက်လိုက်မယ် ၊ ငါသွားပြီ အလင်း"

" အေးအေး "

လို့သာ'စစ်'ကိုပြောပြီး အိမ်ကလာကြိုတဲ့ကားဆီလျှောက်ခဲ့လိုက်တယ် .....

" အကိုလေး ဖြေနိုင်လား "

"ဟုတ်ဖြေနိုင်တယ် ဘမောင်"

ဘမောင်အမေးအလင်းခပ်အေးအေးလေးသာပြန်ဖြေလိုက်သည်....။

ကားသံကြားလိုထင်တယ် ဖွားဖွားကထွက်ကြိုတယ် ၊ ကားပေါ်ကဆင်းဆင်းချင်းဖွားက....

"မြေး ဖြေနိုင်လား"

"ဟုတ်  ကျွန်တော်နားချင်ပြီ"

ဆိုပြီးအပေါ်သာတက်လာခဲ့လိုက်တော့သည်။အခန်းထဲရောက်တော့ကုတင်ပေါ်သို့ခြေပစ်လက်ပစ်လှဲချပလိုက်သည်။

"ဟူးးး ခုမှပဲ အမောပြေတော့တယ်"

တစ်နေတည်းနဲ့ဖြေနိုင်လားဆိုတဲ့မေးခွန်းကိုဘယ်နှစ်ကြိမ်မှန်းအသိဖြေနေရတာ ကြာတော့လူကဇာတိကပြချင်လာပြီ ဘုနဲ့ဘောက်ပြန်ဖြေချင်လာပြီ ။

📱- 🎶 Don't stop get it get it .... Let me seen you work up on it .... Don't stop get it get it .... Let me seen you all up on it .... Don't stop get it get it ..... Let me see you work up on it ........Don't stop....... 🎶

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now