part 15

1.2K 122 2
                                    

Unicode
(စာစစ်မထား)

နေခင်းကျောင်းတက်ချိန်မမှီမှာဆိုးလို့အိမ်ကနေလော'လောနဲ့ထွက်လာတာမို့ toiletမသွားခဲ့ရဘူး ခုမှအပေါ့သွားချင်တာမို့ မနက်ကသျှံလိုက်ပြထားတယ် အိပ်သာကိုသာ အလင်းလျှောက်လာခဲ့လိုက်သည်။ကိစ္စကအ‌ရေးကြီးနေတာမို့ ဆရာမတစ်ယောက်နဲ့စကားပြောနေတဲ့သျှံကို မစောင့်ဘဲနဲ့သာသွားလိုက်သည်။ဟူးးး ခုမှပဲပေါ့သွားတော့တယ်။အိမ်သာကထွက်လက်ဆေးပြီးအပြင်ထွက်မယ်ကြံအလင်းကိုဝင်တိုက်မ်ိသောလူတစ်ယောက်...

"အာ့!!"

"ကျစ် လူတစ်ယောက်လုံးတောင်မမြင်ဘူးလား"

"မင်းဘာစကားပြောတာလဲ"

တဖက်လူကအလင်းအင်္ကျီအစကိုကိုင်ကာပြဿနာရှာနေတဲ့ကောင်ကြောင့်အလင်းစိတ်မရှည်တော့၊အရင်ကျောင်းကပုံနဲ့ဆိုဒီကောင်ဒီနေရာတင်အသေပဲ..။

"မင်းကိုကမ်းနေလားလို့ပြောတာ!!"

"အဟက် မင်းကခုမှပြောင်းလာတဲ့ကျောင်းသားအသစ်ထင်တယ် ၊ အစကမင်းကိုဒီကျောင်းမှာမမြင်ဖူးဘူး ၊အေး ကျောင်းသားသစ်ဆိုရင်လည်း ဒီကျောင်းမှာငါကဘာလဲဆိုတာသိအောင်လုပ်လိုက်အုန်း"

"အဲ့လောက်ထိအားယားမနေဘူး ၊ ငါ့ရှေ့ကဖယ်ပေး"

သူကလည်းကိုယ့်ဝင်တိုက်သေးတယ် ခုလည်းပြဿနာလာရှာနေတယ် အလကား -င်လာကျယ်နေတယ်၊ဘာကောင်နေ'နေလင်းသစ်ကြွယ်တို့ကစိတ်မဝင်စားဘူး အဟက်!! ၊ခုလို့သူနဲ့စကားအေးဆေးပြောပေးပြီး ဆွဲမထိုးတာနဲ့တင်ကျေးဇူးတင်သင့်နေပြီ ၊ကျောင်းစဖွင့်ရက်မို့ပြဿနာမရှာချင်တာကတစ်ကြောင်း၊‌ကျောင်းအသစ်မို့ပြဿနာမရှာပဲငြိမ်နေချင်တာကတစ်ကြောင်း၊ ကျောင်းတက်ခေါင်းလောင်းတီးသွားတာကတစ်ကြောင်း ဒါတွေကြောင့်သည်းခံပေးနေတာကို -င်လာကျယ်ပြနေတယ် အဟက် !! ။ကိုယ်ကအေးအေးဆေးဆေးနေဖို့ဆုံးဖြတ်ထားတာကို ရန်ဖြစ်ချင်တဲ့လူကရှေ့ရောက်လာတော့ လင်းသစ်ကြွယ်တို့ကမရှောင်ပဲနေပေးရတော့မှာပေါ့။

"ကြွယ်!! ၊ ငါကရှာလိုက်ရတာ မင်းကဒီရောက်နေတာကို"

တဖက်လူကိုထိုးမလို့ကြံယုံ‌ရှိသေးသျှံရောက်လာတာမို့အရှိန်သက်လိုက်ရသည်။သူပြောသလို့ကိုယ့်ကိုတော်တော်ရှာလိုက်ရတယ်ထင်တယ် ‌နဖူးမှာချွေးစလေးတွေနဲ့..။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now