part 7

1.5K 154 12
                                    

[Unicode]

ဦးသျှံ‌ခရေပင်အောက်မှာထိုင်နေတုန်း ဘေးကပေါ်လာတဲ့အရိပ်ကလေး ကြည့်‌လိုက်တော့ နှစ်ယောက်မရှိ ကြက်မောက်သီးလူသား..။ ဗိုက်ကလေးကိုင်ပြီး ဦးသျှံအနားလာတာမို့ ...

"မသက်သာဘူးလား?"

"ဟင် !! သက်သာတယ်လေ "

ဦသျှံသူဗိုက်ကိုင်ထားတဲ့လက်ကိုကြည့်တော့...

" ဗိုက်ဆာလို့!!"

"ထမင်းစားမလား?၊ ပြင်ပေးမယ်လေ"

ဗိုက်ဆာတိုင်း ထမင်းစားချင်နေတယ်ထင်နေလားမသိဘူး ဒီလောရှည်ကောင်က ....။အလင်းလည်းသက်ပြင်းလေးဖွဖွချကာ...

"ဒီနားမှာ မုန့်ဆိုင်တွေဘာတွေမရှိဘူးလား"

"မင်း မုန့်စားချင်လို့လား၊ ဟိုဖက်လမ်းထိပ်မှာမုန့်ဆိုင်ရှိတယ်"

"သွားရမှာဝေးလား "

"ဟိုဖက်လမ်းထိပ်ပါဆို နည်းနည်းလှမ်းတာပေါ့!"

"သွားမယ် !!"

ဆိုပြီးရှေ့ကနေမြောက်ကြွမြောက်ကြွနဲ့သွားတဲ့အချေလူသား...။

"လာလေ မင်းပါလိုက်ရမှာ!! "

အလင်းနောက်ကတမ်းလိုက်မလာပဲထိုင်နေတဲ့ လောရှည်ကောင်ကြောင့်အလင်းပြန်လှည့်ခါလှမ်းခေါ်ရသည်။ သူ့ကိုသွားမယ်လို့ပြောတာနားမလည်တာလားမသိပါဘူး...။

အစကတည်းက ငါ့ကိုလိုက်ပိုလို့ပြောရင်ပြီးနေတဲ့ဟာကို သူ့ဘာသာသူသွားဝယ်မယ့်ဆိုဒ်နဲ့ထွက်သွားပြီးမှ လူကိုပြန်လာခေါ်တယ်...။ဦးသျှံလည်းသူ့နောက်သာ‌လိုက်သွားလိုက်သည်.။ခြံထဲကထွက်ခါနီးထိုလူသားရှိမှ.....

"ခဏ !! ၊ ဟိုဖက်ထောင့်နားလေးမှာစက်ဘီးတွေ့တယ် ၊ အဲ့စက်ဘီးကောင်းလား?"

"အင်း ကောင်းတယ် ၊ဘာလုပ်မလို့လဲ "

"အေး လာ!! အဲ့စက်ဘီးနဲ့သွားမယ် "

စက်ဘီးနဲ့ဆို‌တော့လည်းစက်ဘီးနဲ့‌ပေါ့ ၊စက်ဘီးနားရောက်တော့......

"မင်းကစီးတက်လို့လား?"

"မစီးတက်ဘူးလေ၊ မင်းစီးတက်တယ်မလား ?၊ မင်းတင်စီးပေါ့ !!"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now