part 23

1.1K 95 16
                                    

Unicode

"ကြွယ် ဘောပင်၊ခဲတံတွေစုံလား၊ စာမေးပွဲသေချာဖြေနော် မလောနဲ့"

"အင်းပါ"

စာမေးပွဲဖြေရမှာမို့ ဘောပင်တွေခဲတံတွေပါလားလို့မေးချင်း ၊ဦးသျှံအကုန်အဆင်သင့်လုပ်ပေးထားပေမဲ့ ကိုယ်တော်ချောကမေ့ချင်ရင်မေ့ကျန်ခဲ့တဲ့အမျိူး..။သေချာဖြေ‌ဖို့လည်းမှာရသေး ကိုယ်တော်ချောက လောလောနဲ့‌ဆိုအကုန်မေ့တက်သေးတာမို့လို့လေ..။

"ကလေးအဖေကြီးကျနေတာဘဲကွာ!!"

အနားကမနေနိုင်တဲ့ခန့်တည်ကထပြောချင်း၊ဟုတ်လည်းဟုတ်တယ်စာမေးပွဲစဖြေတဲ့နေ့ကတည်းကအလင်းကိုသေချာဂရုတစိုက်နဲ့လုပ်ကိုင်ပေးနေတာ စာမေးပွဲအခန်းထဲဝင်ခါနီးတော့လည်းသေချာဖြေဘာညာနဲ့မမောနိုင်မပန်းနိုင်အလင်းကိုမှာကြားနေတာလေ မသိရင် အလင်းတစ်ယောက်တည်းကဘဲ စာမေးပွဲဖြေရမှာကျနေတာဘဲ နှစ်ယောက်စလုံးဖြေရမယ့်ဟာကိုကိုယ့်ကိုကိုယ်စိတ်မပူဘဲ အလင်းကိုစိုးရိပ်ပေးနေ‌တဲ့ အလင်းရဲ့ချစ်ရသူလေး...။

"ကိုယ့်ကောင်လေးကိုယ်ပြောတာဘာဖြစ်လဲကွာ"

ဦးသျှံနဲ့ကြွယ် တွဲနေတာကိုခန့်တည်ကောချစ်စုကောနှစ်ယောက်စလုံးသိသွားပြီးမို့ဘာမှဖုံးကွယ်စရာမရှိတော့။သိသွားရတဲ့အကြောင်းအရင်းကတော့ ဦးသျှံကခုံအောက်ကိုဘောပင်ကျသွားလို့ ကုန်းကောက်တာကို ကြွယ်ကပါခုံအောက်ထဲတိုးဝင်ပြီး ဦးသျှံပါးကိုရွှတ်!ခနဲမြည်အောင်နမ်းချင်း၊ဖြစ်ချင်တော့ ခန့်တည်နဲ့ချစ်စုကပါမုန့်လုစားရင်းမုန့်ထုတ်အောက်ပြုတ်ကျလို့ကုန်းကောက်ရင်းကနေ လေးယောက်သားမျက်နှာချင်းဆိုင်မိချင်း...မချစ်စုခင်ရဲ့အစ်မေးမှုတွေကြောင်းအကုန်လုံးကိုပြောပြလိုက်ရတော့သည်။

🔔 ကလင် ကလင်

"ဟော စာဖြေချိန်ရောက်ပြီ ၊သေချာဖြေနော်"

"အင်း အင်း "

‌စိတ်မရှည်ဟန် ခေါင်းတွေဆက်တိုက်ငြိမ့်နေတဲ့ ဂျစ်တူး..။တကယ်ပါ ကျွန်တော်ရဲ့ချစ်မွှေးလေး..။

စာမေးပွဲဖြေရမယ့်အခန်းထဲဝင် ခဏကြာတော့ ဆရာမ‌အဖြေလွှာစာရွက်တွေနဲ့မေးခွန်းစာရွက်တွေဝေသည်။ဖြေနိုင်တဲ့လူတွေကကုန်းရုန်းဖြေ၊မဖြေနိုင်တဲ့လူကတောင်ငေးမြောက်ငေးတေနဲ့ပေါ့။ဖြေဆိုချိန်၄၅မိနစ်ကြာပြီးနောက် ဖြေဆိုသူကျောင်းသား/သူများအသီးသီးအခန်းထဲမှထွက်လာကြသည်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now