part 30 [Final] {unicode}

2.5K 91 14
                                    

Unicode

"မပြီးသေးဘူးလား?"

"ပြီးတော့မှာပါကွ မင်းကလည်း"

"လက်ထပ်မှာမင်းလားငါလားမသဲကွဲဘူး"

"ငါလည်းငါ့သူငယ်ချင်းလက်ထပ်ပွဲမှာလှချင်တာပေါ့"

လက်ထပ်ရမယ့်လူဖြစ်တဲ့အလင်းကဘေးမှာငုတ်တုတ်ကလေးထိုင်နေရပြီး မှန်ရှေ့မှာအပီအပြင်ရှိုးထုတ်နေတဲ့သော်မှူးစစ်ပင်..။ဟုတ်တယ် ဒီနေ့ကအလင်းနဲ့သျှံရဲ့လက်ထပ်ပွဲ..တနည်းပြောရရင်သျှံကိုလူများအရှေ့လင်းသစ်ကြွယ်ကတရားဝင်ပိုင်ဆိုင်ရတော့မည်။၅နှစ်..၅နှစ်တိတိ ၅နှစ်အတွင်းသျှံနဲ့သူလေလိုင်းကနေပဲအဆက်အသွယ်များများလုပ်ဖြစ်တယ်...ဒါပေမဲ့တစ်လမှာတစ်ခါလောက်တော့သျှံသူ့ကိုလာတွေ့ပါတယ်။ဒီကြားထဲသျှံနဲ့သူရဲ့ဆက်ဆံရေးကသွေးအေးသွားတယ်ဆိုတာမရှိပါ။

ခုဆိုအလင်းကကြွယ်မိသားစုပိုင်တဲ့လုပ်ငန်းတော်တော်များများကိုဦးစီးနေနိုင်ပြီလေ။သျှံလားသျှံကတော့ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ထားတယ် သျှံကော်ဖီဆိုင်လေးကရောင်းအားမဆိုးပါဘူး။အလင်းကသာဖွားဖွားနဲ့မတွေ့ဖြစ်တာ သျှံကတော့ဖွားဖွားနဲ့အမြဲတွေ့ဖြစ်တယ်..ဘယ်လိုတွေကပ်ဖားပြထားလည်းမသိပေမဲ့ဖွားဖွားကခုဆို သျှံမှသျှံပဲလေ။ကိုယ်တောင်မနာလိုဖြစ်မိတဲ့အထိပဲ။ဖွားဖွားကတော့ပြောပါတယ်နောက်ပိုင်းကျရင်သျှံကို ကြွယ့်မိသားစုပိုင်တဲ့လုပ်ငန်းတချို့ကိုဦးစီးဖို့ သျှံကတော့စဉ်းစားဦးမယ်တဲ့လေ။အမှန်တိုင်းပြောရရင်သျှံကို ကြွယ့်မိသားစုကလုပ်ငန်းတွေကိုဝင်လုပ်စေချင်ပါတယ်..မောင်တထမ်းမယ်တရွတ်ပေါ့ ဟုတ်ဘူးလား..အဟက်!!။

"ဟိတ်ကောင်!!!"

"ဟေ ဟေ"

"ပြုံးပြုံးကြီးနဲ့သေနေလားထင်ရတယ်"

"သေစရာလား ယောင်္ကျားယူရဦးမှာ"

မှူးစစ်ကတော့အလင်းကို ပိုရန်သောဟူတဲ့အကြည့်ဖြင့်ကြည့်ကာအခန်းအပြင်ထွက်သွားသည်။အဲ့ကောင်ကိုလည်းမနိုင်ဘူး ကိုကြီးကောင်းကင်ကိုအတင်းတွေလိုက်ကပ်နေတာ..ဘယ်လောက်ထိလိုက်ကပ်နေလဲဆိုကိုကြီးကောင်းကင်တို့ရွာထိကိုလိုက်ပြီးသွားတဲ့အထိပဲ။ဟိုကအနေအေးအေးလေးနဲ့တည်ငြိမ်တဲ့လူလေးကိုယ့်သူငယ်ခအေးအေးလေးနဲ့တည်ငြိမ်တဲ့လူလေးကိုယ်သူငယ်ချင်းကအငြိမ်မနေဘူးတခါတလေလက်ရဲဇာက်ရဲ...ကိုယ်ကကြားထဲကကိုယ့်ယောက်ဖကိုမျက်နှာတွေတောင်ပူမိတယ်။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now