part 13

1.2K 122 2
                                    

Unicode

"ကျူရှင်ဆင်းရင် အကြော်သွားစားကြမယ် ဦးသျှံနဲ့လင်းသစ်"

ဆိုပြီးပြောတဲ့ချစ်စု...၊ကျူရှင်တက်တာတစ်လလောက်ရှိနေပြီမို့ လင်းသစ်နဲ့ချစ်စုဆက်ဆံရေးလည်းအစကလောက်ကြီးခွမကျတော့ဘူး၊ ချစ်စုကပြောချင်တာပြော လင်းသစ်က 'အင်း'တစ်လုံးပဲပြောတယ်..၊ကျူရှင်ဆင်းရင်လည်းအတူတူပြန်ဖြစ်တယ်၊ လင်းသစ်ကထင်သလောက်တော့အပေါင်းအသင်းမခက်ပါဘူး၊ဒါပေမယ့် သျှံအပေါ်ဆိုလင်းသစ်ရဲ့ဆက်ဆံရေးကတစ်မျိူး၊ဦးသျှံကလည်း လင်းသစ်အပေါ်ဆိုတစ်မျိူး၊ နှစ်ယောက်ပေါင်းတော့နှစ်မျိူး သူတို့နှစ်ယောက်ဆက်ဆံရေးကနားလည်ရခက်တယ်....။ခုလည်းမေးတာကိုမဖြေသေးပဲ လင်းသစ်မျက်နှာကိုဦးသျှံကကြည့်လို့ ..၊ ဦးသျှံကလင်းသစ်ခေါင်းငြိမ့်ပြတာစောင့်နေတဲ့သဘော..လင်းသစ်လိုက်ရင်သူလိုက်မယ်ဆိုတဲ့ပုံနဲ့....၊တကယ်နားလည်ရခက်တဲ့ဆက်ဆံရေးပါဆို...။

"ကဲ သွားစားမှာလား ၊ မသွားစားဘူးလား!!"

"ကြွယ် မင်းသွားစားမလား"

"အင်း မင်းစားချင်ရင်သွားမယ်လေ"

"သွားစားကြမယ်လေ အဲ့ဒါဆို"

အမလေးဟဲ့ ကိုယ့်သဘောနဲ့ကိုယ်ပေါ့ သွားချင်သွားမယ်မသွားရင်မသွားဘူး ...ခုတော့မေးစမ်းနေလိုက်ကြတာ...။

***********

"အန်တီရေ .. အခါတိုင်းလိုပဲနော်!!!"

"အေးအေး သမီးရေ!!"

"ဟိုကောင်ခန့်တည်ကဘယ်တော့တက်မှာလဲမသိဘူး"

"နင်ကလွမ်းနေပြီလား"

"အမလေးဟဲ့ လွမ်းချင်စရာဆိုတော့"

"ခဏခဏမေးတော့လွမ်းနေတာလားလို့ပါ"

"နင်နော် သေချင်နေတာ"

တွေ့ရင်တည့်ကြတာလည်းမဟုတ်ဘူး ၊ မတွေ့ရတော့လည်းတမျှော်မျှော်နဲ့ ၊ တကယ့်မတည့်အတူနေမမြင်ချောင်းကြည့်တွေ...။ဘေးကို‌ကြည့်တော့ ချစ်စုကိုစိန်ကြည့်နေတဲ့ ကြွယ် ၊ ဘာလဲဒီကောင်ချစ်စုကိုစိတ်ဝင်စားနေတာလား...။မဟုတ်လောက်ပါဘူး ၊ ဟုတ်တော့ကော ငါနဲ့မှမဆိုင်တာ..။

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now