part 28

1K 91 6
                                    

Unicode

ဒေါက်!! ဒေါက် ဒေါက်!!!

"သားအလင်း အောက်မှာသားဖွားဖွားရောက်နေတယ်"

*ဟင် ဖွားဖွားရောက်နေတယ်*ညကမှူးစစ်နဲ့အာလူးဖုတ်ရတာနဲ့ညနက်မှအိပ်ပျော်သွားချင်း အပြင်ကတံခါးခေါက်သံကြားမှသာမျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်ဖြင့်ဖွင့်ရလိုက်ရ၏။*‌ဖွားဖွားကဘာကိစ္စရောက်လာရတာလဲ???၊ငါများနားကြားမှားတာလား???*နံရံမှာကပ်ထားတဲ့နာရီကိုကြည့်တော့၉:၀၀နာရီ ကုတင်ပေါ်မှာထကာရေချိူးမျက်နှာသစ်ပြီးအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။အောက်‌ထပ်ရောက်တော့ ဖွားဖွားက‌ဧည့်ခန်းထဲမှာထိုင်လို့...

"ဖွားကဒီကိုဘာလာလုပ်တာလဲ"

ရော့!!!

အလင်းရှေ့ကစာပွဲပေါ်ကိုပစ်တင်ပေးတဲ့အရာကိုကြည့်တော့ ဓာတ်ပုံတွေ..၊ ဘာပုံတွေလဲလိုသေချာကြည့်ရအောင်အလင်းယူကြည့်မိတော့...

"ဒါဘာသဘောလဲ!"

"ဖွားဖွားကမေးရမယ်လို့မြေးမထင်ဘူးလား၊မင်းကိုဒီမှာအေးအေးဆေးဆေးကျောင်းတက်ပါစေဆိုပြီးလွှတ်ထားလိုက်တာ၊မင်းလုပ်တဲ့ပုံကိုကြည့်အုန်း!! ၊ငါအသိုင်းအဝိုင်းငါ့ပတ်ဝန်းကျင်ကိုအရှက်ရအောင်မင်းလုပ်နေတာလား လင်းသစ်ကြွယ်!!!"

ရန်ခဏခဏဖြစ်တက်တဲ့မြေးကြောင့် စိတ်ချရအောင်အမြဲလူလွှတ်ပြီးစောင့်ကြည့်ခိုင်းထားတာ..ပြန်သိရတာတွေကကိုယ့်မြေး‌ကကောင်လေးတစ်ယောက်နဲ့လိုတာထပ်ပိုနေတဲ့ဆက်ဆံရေးတွေတဲ့လေ!! သိ'သိချင်းဘယ်လောက်ထိသွေးတက်ရတယ်ထင်လဲ??!! ကိုယ်သူ့အပေါ်မျှော်မှန်းထားတာတွေအများကြီးဒါတွေကိုသူမသိတာလားမသိချင်ယောင်ဆောင်နေတာလားမသဲကွဲတော့!!မိဘတွေမရှိကတည်းကကိုယ့်လက်ပေါ်မှာကြီးပျင်းရတဲ့ကလေးကိုလမ်းမှားမရောက်စေချင်၊ကိုယ်မျှော်လင့်ထားသလိုပဲဖြစ်ချင်တယ် ကိုယ့်ကိုမိသားစုဘဝလေးပေးနိုင်တဲ့လူနဲ့ပဲအိမ်‌လက်ထပ်စေချင်တယ်..။ခုတော့ကိုယ်ထင်ထားသလိုဘာတစ်ခုမှဖြစ်မလာဘူး....

"ဪ အေးအေးဆေးဆေးကျောင်းတက်ရအောင်လွှတ်ထားတာတဲ့လား လွှတ်ထားလို့သာပဲနော် ဒီပုံတွေကဘယ်ကရလဲ!! အဖွားကျွန်တော်နောက်ကိုအဖွားလူတွေလွှတ်ထားတာပဲ!! အဟက်!"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Où les histoires vivent. Découvrez maintenant