part 22

1.1K 106 28
                                    

Unicode

"ကြွယ်!! စာကျက်မယ်လေကွာ"

"ကျက်မယ်လေ ခဏ၊ အားယူ‌နေလို့"

သျှံနောက်ကျောပြင်ကြီးကနေသိုင်းဖက်ထားပြီးသျှံရှိကရတဲ့သနပ်ခါးနံသင်းသင်းလေးကိုရူရှိုက်နေမိပါသည်။စိတ်ပင်ပန်းနေချိန်၊လူပင်ပန်း‌နေချိန်ဆို သျှံရှိကရတဲ့သနပ်ခါးနံသင်းသင်းလေးကလူကိုကြည်လင်သွားအောင်စွမ်းဆောင်နိုင်ပါတယ်။

စာမေးပွဲကမနက်‌ဖြန်ဖြေရတော့မယ်ဟာ့ကို လူကဖားလိုကပ်ပြီး ဦးသျှံကိုယ်သင်းနံကိုတရှူတ်ရှူတ်လိုက်နမ်းနေသူကြောင့်ဦးသျှံပြုံးမိပါသည်။ရည်းစားဖြစ်ပြီးတဲ့အချိန်ကစပြီးခုအချိန်ထိ သူစိတ်မကြည်ချိန်တို့လူပင်ပန်းနေချိန်ဆိုဦးသျှံကိုယ်ကိုဖားတစ်ကောင်လိုကပ်ပြီးခုလို့ လိုက်နမ်းနေတော့တာဘဲ...။တခါတလေဆိုဦးသျှံလည်ပင်းမှာအနီးကွက်ထင်တဲ့အထိနမ်းသေး ဦးသျှံမှာအဲ့ဟာကိုဖုံးရတာအလုပ်တစ်လုပ်..။

"ကြွယ် တော်ပြီကွာ"

"အင်းပါ အင်းပါ ၊ ဟွန့် အနံတောင်နှမြောတယ်"

"မဟုတ်ပါဘူးကွာ ကိုယ့်တစ်ကိုယ်လုံးကိုကြွယ်ပိုင်တယ် ဟုတ်ပြီလား ၊ ခုကစာမေးပွဲကမနက်ဖြန်လေ အဲ့ကြောင့်စာကျက်ကြမယ်နော် ၊ လိမ်မာတယ် ကိုယ့်ရဲ့ ကြွယ်က"

"တကယ် မင်းတစ်ကိုယ်လုံးကငါ့အပိုင်လား?"

"ဒါပေါ့!"

"ဟီးး ပြွှတ်!!"

ဦးသျှံနှုတ်ခမ်းကိုလာထိတဲ့နှုတ်ခမ်းသားနုနုလေး တကယ်ပါ ကြွယ်ဟာလေ ရန်ဖြစ်တဲ့နေရာမှာတင်လက်ရဲဇာက်ရဲမဟုတ်ဘူး ဦးသျှံအပေါ်မှာလည်းလက်ရဲဇာက်ရဲ လူကိုသူထင်ရင်ထင်သလိုဖက်နမ်းနေတာ ခုအဆင့်တက်လာပြီး နှုတ်ခမ်းကိုလာနမ်းပြန်ပြီ..။ဦးသျှံနှုတ်ခမ်းသားကိုထိပြီး ပြန်ခွာဖို့လုပ်နေတဲ့ကြွယ်ခေါင်းလုံးလုံးလေးကိုနောက်ကနေထိန်းကိုင်ကာ အနမ်းတွေခြွေပစ်လိုက်သည်..။

"အင့်..ပြွှတ်စ်!! ...ခ..ဏ..."

"အာ့!!"

"သျှံ!!!!"

"ဗျာ..."

"လူဆိုးကောင်!"

"ဟားးး ဟားးးး ကိုယ်ကချစ်လို့လေကွာ"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now