part 4

2.3K 155 6
                                    

Unicode

""" သုခကြွယ် စံအိမ် """

ဆိုတဲ့ဆိုင်းဘုတ်ကလေးနဲ့အတူအကျဉ်းမကျယ်ခြံလေးနဲ့နှစ်ထပ်တိုက်ကလေးကနေချင်ဖွယ်ရာအတိ...၊ ခြံတံခါးပွင့်နေတာမို့အလင်းတို့ကားလေး ဒါတိုက်သာဝင်လာခဲ့လိုက်သည်။ ' နေပါအုန်း ဘယ်သူမှမရှိပဲ ခြံတံခါးကြီးကပြဲလန်အောင်ဖွင့်ထားတာလား မတော်လို့တစ်ယောက်ယောက်ဝင်လာဘယ်လိုလုပ်မလဲ '...။အလင်းကားပေါ်ကဆင်းလာတော့ သူနဲ့အတူရွယ်တူလောက်ရှိမဲ့ကောင်လေးတစ်ယောက် ပုံစံကတော့သူ့ထက်အရပ်နည်းနည်းပိုရှည်ပြီးလူ‌ကောင်ထွားတယ်၊ဒါပြင်ဘာတွေလုပ်လာမှန်းမသိဘူးလူကပေကျန်ညစ်ပက်နေတာပဲ၊ အဲ့‌ကောင်ကဘယ်သူတုန်း....၊ အတွေးမဆုံးသေးဘူး ထိုလူသားအနားပြေးလာပြီး....

" ဟို ဘယ်သူနဲ့တွေ့ချင်လို့လဲမသိဘူး"

"ငါဘယ်သူလဲဆိုတာ မင်းမသိဘူးလား"

"ဗျာ!! ၊ ဟို မသိဘူး"

ဦးသျှံအဖြေကိုထိုအနီလူသားသဘောကျပုံမပေါ်မျက်ခုံးနှစ်ဖက်ထိလုနီးနီးကျူံပစ်သည်။ ကားပေါ်ကဆင်းလာသတည်းက ထိုလူသားသူ့ကိုမနှစ်မြို့သလိုကြည့်နေတာ သူသိပါသည်။ ပုံစံလေးကဖြူဖြူနုနုလေး ၊အေးပေါ့လေ သူဋေးသားဆိုတော့လည်း နေမထိနေရထိုင်ရတာကိုဒီလောက်တော့ရှိမှာပေါ့ ၊ဝတ်ထားတဲ့ပုံကလည်းဘာမှပြောစရာမရှိ နာမည်ကြီး Brandတွေဝတ်ထားသည်ဆိုတာသိသာလှပါသည်။ ညာဖက်နားမှာက နားပေါက်တစ်ဖက်နဲ့ ဘာလဲကျောင်းသားကနားထောင်းဝတ်ရလို့လား၊ မျက်နှာလေးကရှည်ရှည်သွယ်သွယ်လေး မျက်နှာတင်မဟုတ် လက်ချောင်းလေးတွေခြေချောင်းလေးတွေကပါ ရှည်ရှည်သွယ်သွယ်လေး ၊ဆံပင်ကပွယောင်းယောင်းနဲ့ကြက်မောက်သီး‌လေးကျနေတာပဲ။ထိုကြက်‌မောက်သီးလေးအားခြေဆုံးခေါင်းဆုံးချူံကြည့်ရင်ဘာမှအပစ်ပြောစရာအရှိအောင် ပြည့်စုံလှပါလားဟု ဦးသျှံတွေးလိုက်မိပါသည်.. ။

ဘာစကားမှပြန်မပြောပဲ အလင်းကိုခြေဆုံးခေါင်းဆုံးကြည့်နေသူကြောင့် အလင်းစိတ်မရှည်တော့.။

"ဒီမှာ မင်းကြည့်လို့ဝပလား "

"ဗျာ!! ဟုတ်...ဟုတ်ကဲ့"

𝐘𝐨𝐮𝐧𝐠 𝐀𝐧𝐝 𝐈𝐧 𝐋𝐨𝐯𝐞 ❮ Complete 
❯
Where stories live. Discover now