1(U)

4.7K 183 2
                                    

Làn Tīan ကိုယ်ပိုင်အထက်တန်းကျောင်း(in Nangjin)

လေးလံသောခြေထောက်တွေနဲ့ကျောင်းဝန်းထဲလျှောက်လာသောရှောင်းကျန့်။ပါးနဲ့မားကြောင့်သူ့သဘောဆန္ဒမပါဘဲ ဒီကျောင်းကိုပြောင်းလာရတာ အကြောင်းရင်းကတော့သူ့ကိုကြိုက်တဲ့လူတွေထဲမှာယောကျာ်းလေးတွေပါနေလို့ပါတဲ့။ဘယ်လိုတောင်အတွေးခေါင်ခိုက်နေလည်းမသိဘူးး။

"အားးးးဝမ်ရိပေါ်!!!!!"

ကောင်မလေးတစ်ယောက်ကအကျယ်ကြီးထအော်တာမလို့လန့်တောင်လန့်သွားရသည်။အသံကလည်းစူးချက်။အဲ့ကောင်မလေးအော်သံအဆုံးပြေးလာကြတဲ့လူတစ်အုပ်။ယောကျာ်းရောမိန်းမရောအစုံပဲ။လူကိုတောင်တွန်းတိုက်သွားတာ မပြားရုံတမယ်.။သူတို့ပြေးသွားတဲ့နေရာကိုလိုက်ကြည့်တော့အစိမ်းရောင်Yamahaဆိုင်ကယ်နဲ့ကောင်လေးတစ်ယောက်။ထိုကောင်လေးကဆိုင်ကယ်ကိုparkingမှာရပ်လိုက်ကာဉီးထုပ်ကိုစမတ်ကျကျချွတ်လိုက်သည်။

"ဝါးးးးးးဟောင်ရွိုက်ရားးးးးးးဝမ်ရိပေါ်"

"အားးးးငါ့နှလုံးသားလေးအခုန်လွန်ပြီးအပြင်တောင်ထွက်ကျသွားပြီ"

တစ်ယောက်တစ်ပေါက်ကိုယ်စီကိုယ်စီပြောနေကြပေမယ့်ထိုကောင်လေးကတော့အာရုံတောင်မထား။ဝါးနေလက်စပီကေလေးကို ဖောက်တစ်ချက်ဖောက်လိုက်ရင်းဘေးဘီကိုဝေ့ဝဲကြည့်နေသည်။ပြီးနောက်လက်ညိုးကိုသူ့ဆီတည့်တည့်လက်ညိုးထိုးကာ

"Today, I want him"

ဝမ်ရိပေါ်ဆိုလားအဲ့ကောင်လေး..ရဲ့စကားအဆုံး မျက်နှာမကောင်းစွာလှည့်ပြန်သွားကြတဲ့လူအုပ်တစ်သိုက်။တစ်ချို့ဆိုသူ့ကိုမျက်လုံးပြူးမျက်ဆံပြူးနဲ့ကြည့်ပြီးလက်ခလယ်တောင်ထောင်ပြသွားကြသည်။ဘာလားပဲ။သူလည်းဘာမှမလုပ်မိပဲနဲ့။

"ဘုရားရေ!!!!"

ဟိုလူတွေကိုတန်ပြန်...လက်ခလယ်လေးပြန်ထောင်ပြရင်းအရှေ့လှည့်တော့အစောကကောင်လေး သူ့အရှေ့မှာလာရပ်နေသည်။

အနီးကပ်ကြည့်တော့မှပါးတွေကပိုဖောင်းသလားလို့။ဝတ်စားထားတာတော့bad boy typeပါ ဒါပေမယ့်သူ့မျက်လုံးထဲမှာဂျီးပေနေတဲ့ကလေးဆိုးလို့ပဲမြင်နေတယ်။

"မင်း "

"....."

"မင်းကကျောင်းသားအသစ်ထင်တယ်"

ရှောင်ကျန့်လည်းခါးကိုမတ်ရင်ကိုချီလျက်

"အင်းးးဟူတ်တယ် ကိုကြီးကကျောင်းသားအသစ် ကလေးကဘယ်အတန်းကလည်း"

"ဘာကလေးလည်း ဟေ့ရောင် မင်းသေချင်လို့လား"

"ဟေ့ ငါကမင်းထက်အကြီးနော် စကားပြောဆင်ခြင် ဘာဟေ့ရောင်လည်း ကိုကြီးလို့ညင်ညင်သာသာပြန်ခေါ်"

"ဘောမို့လို့ ကိုကြီးပါလား ဒီမှာ ဒီမှာ အထက်တန်းဒုတိယနှစ်ကွ အထက်တန်းဒုတိယနှစ် မတွေ့ဘူးလား uniformမှာရေးထားတာ"

တကယ်ကိုအထက်တန်းဒုတ်ိယနှစ်ပင် သူနဲ့အတန်းအတူတူပဲ။သေလိုက်တော့ရှောင်ကျန့်ရေ ...သောက်တလွှဲတွေချည်းလုပ်နေလိုက်တော့။

"အဟမ်းးး ဆော....ဆောရီး ငါမသိလို့"

"ရတယ် မင်းဒီနေ့ငါနဲ့တွဲရမယ်"

"ဘာ!!!!!"

ရိပေါ်ကနားကိုလက်နဲ့တစ်ချက်ကလော်လိုက်ရင်းဝါးလက်စပီကေ ကိုတစ်ချက်ဖောက်လိုက်တယ်။

"ငါပြောတာမကြားလိုက်ဘူးလား"

"ကြားတယ် "

"အဲ့တော့ လက်ခံတယ်မလား"

"......"

"မင်းနာမည်က"

"ရှောင်းကျန့်"

"ရှောင်းကျန့် ဒီနေ့မင်းကငါ့ရဲ့ရည်းစားပဲ"

ပြောပြီးတာနဲ့လှည့်ထွက်သွားဖို့ပြင်နေတဲ့ကောင်လေးကိုအနောက်ကနေလက်ကိုဖမ်းဆွဲရင်းချုပ်ကာဖက်ထားလိုက်သည်။

"ဟုတ်ပြီ ဝမ်.....ဒါပေမယ့် ဒီနေ့တစ်ရက်တည်းတော့မဟုတ်ဘူး ဝမ်နဲ့တစ်သက်လုံးစာအတွက်"

ကိုယ်တိုင်တောင်မသိလိုက်ခင်မှာပဲရှောင်းကျန့်ဟာဒီနွံလေးထဲကို ကိုယ်တိုင်တိုးဝင်ခဲ့လိုက်ပါပြီ။အဲ့နွံငယ်လေးဟာဘယ်လောက်အန္တာရယ်များလည်းမသိဘဲနဲ့ပေါ့။

B O G(ZSWW)[Complete] Onde as histórias ganham vida. Descobre agora